28

490 62 0
                                    

28

    "ဖန်ရီကျန်း!ဖန်ရီကျန်း!ဖန်ရီကျန်း!ဖန်ရီကျန်း . . . "

    အချိန်နီးကပ်လာတာနဲ့အမျှ အခင်းဖြစ်ပွားရာနေရာမှ လေထုကလဲ ပိုသက်၀င် လှုပ်ရှားလာလေသည်။ဖန်ရီကျန်းက အစောပိုင်းကာလတွေတုန်းကPopအဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့တာကြောင့် လူငယ်ပရိတ်သတ်များစွာ ကို စုဆောင်းထားနိုင်ခဲ့၏။နောက်ပိုင်း သူမ ရုပ်မြင်သံကြား အသိုင်းအဝိုင်းဘက် ပြောင်းရွှေ့လိုက်တာကြောင့် ဖျော်ဖြေပွဲတွေ နည်းသထက် နည်းလာခဲ့ပြီး ပရိတ်သတ်တွေနဲ့လဲ ထိတွေ့ဆက်ဆံဖို့ အချိန်မရှိခဲ့ပေ။ဒါကြောင့် ဒီအယ်လ်ဘမ်ပွဲက သူတို့ရဲ့ ငယ်ရွယ်ချိန်တွေကို သတိရနေကြတဲ့ ပရိတ်သတ်အများအပြားအား ဆွဲဆောင်နိုင်ခဲ့လေသည်။ဒီမှာရှိနေကြတဲ့ လူတွေအများကြီးက သူမရဲ့အယ်လ်ဘမ်ကို တကယ်လာကြည့်ကြတာ မဟုတ်ဘဲ မတွေ့ရတာ အတော်ကြာပြီဖြစ်တဲ့ သူတို့တွေရဲ့မှတ်ဥာဏ်ထဲမှ တောက်ပပြီးလှပတဲ့Idolကို လာရှာကြတာ ဖြစ်၏။

     "အိုင်း,နင်ကြားပြီးပြီလား?ဒီသတင်းစာရှင်းလင်းပွဲမှာ ဖန်ရီကျန်းအပြင် အထူးဧည့်သည်တွေလဲ ပါတယ်တဲ့,သူတို့တွေက ဒီအယ်လ်ဘမ်မှာ ဖန်ရီကျန်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ အနုပညာရှင်တွေတဲ့,တရား၀င်ထုတ်ဖော်ပြောထားတာ"

     "၀ူယွမ်လို့ နင် ပြောချင်တာလား?သူ လာမှာလား?"

     ၀ူယွမ်က ငယ်ရွယ်ချောမောတဲ့အပြင် ဖျော်ဖြေရေးနယ်ပယ်မှာလဲ တိုးတက်မှု အရှိန်အဟုန်ကောင်း ရှိလေသည်။သူ့အသွင်သဏ္ဍာန်က ကျန်းမာပြီးတက်ကြွတာကြောင့် အမျိုးသားနတ်ဘုရားတစ်ပါးလို စံပြုထားကြပြီး သဘာ၀အတိုင်းပင် မိန်းကလေးပရိတ်သတ်တွေက ကြီးမားလှ၏။ထိုထင်ကြေးက ပထမတန်းကို ပျံ့နှံ့သွားပြီးနောက် အခင်းနေရာက ပိုလို့တောင် စိတ်လှုပ်ရှားလာကြလေသည်။ဖန်ရီကျန်းရဲ့ ကုမ္ပဏီက အလုပ်လုပ်ဖို့ အမြဲစဥ်းစားနေတတ်ပြီး ပရိတ်သတ်တွေ ရဲ့ လိုအပ်ချက်ကိုလဲ အလွန်သိလေသည်။ဧည်သည်အ​များအပြားကို ဖိတ်ကြားမည်ဟု ထုတ်ဖော်ပြောဆိုထားတာကြောင့် ၀ူယွမ်လာဖို့ ဖြစ်နိုင်ခြေက သဘာ၀အတိုင်းပင် အလွန်မြင့်မား၏။တကယ်သာဆိုရင်တော့ ဒါက ကျေနပ်ဖွယ်ရာ စပရိုက်ပင် ဖြစ်လေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now