13

587 71 0
                                    

13

    လော့တင်းမှာ "Crazy man"ဆိုတဲ့ နာမည်ပြောင် ရှိခဲ့ဖူးသည်။

     အနုပညာအသိုင်းအဝိုင်းက လျှောက်လှမ်းဖို့ မလွယ်ကူပေ။နဂိုကတည်းက ဝါသနာသိပ်မပါခဲ့တဲ့ သူ့အတွက်တော့ နည်းနည်း ပိုခက်ခဲလေသည်။ထို့​အကြောင်းအရင်းကြောင့်ပဲ လော့တင်းက ဒီအသိုင်းအဝိုင်းမှာ ပိုပိုမှေးမှိန်သွားခဲ့တာဖြစ်သည်။သူ(ချောက်တင်းခွမ့်)ကတော့ တစ်ချိန်တုန်းက သူ့ကိုယ်သူ နာမည်ရလာဖို့အတွက် ရှုကျန်းနဲ့ သဘောတူညီမှု လုပ်ခဲ့၏။အဲ့ဒီအပြင် သူ သရုပ်ဆောင်လုပ်ရတာကို အမှန်တကယ် နှစ်သက်ရတဲ့ အကြောင်းပြချက် များစွာရှိသေးသည်။

        သူက သရုပ်ဆောင်ရာမှာ ကိုယ်တိုင် သရုပ်ဆောင်ရမဲ့ ဇာတ်ဆောင်တစ်ဦးအနေနဲ့ ဇာတ်လမ်းရဲ့ ခြေလှမ်းတွေအား ရိုးရိုးရှင်းရှင်း မလိုက်နာတတ်ပေ။ဇာတ်ကောင်ရဲ့ဘ၀ကို တကယ်နားလည်လာဖို့ အတွက် သူ့စိတ်နှလုံးဝိညာဥ်အားလုံးကို အသုံးချတတ်သူ ဖြစ်သည်။

        စမ်းသပ်မှုတစ်ခုသာ ဖြစ်တာကြောင့် စတူဒီယိုထဲမှာ ကန့်လန့်ကာကလွဲပြီး ဘာပစ္စည်းမှ မရှိနေပေ။ဒါက သရုပ်ဆောင်အတွက် စိတ်ခံစားချက်သွင်းဖို့ အတော်လေး ထိခိုက်နစ်နာစေပေမယ့် လော့တင်းကတော့ သူ့ကိုယ်သူ ချက်ချင်းနီးပါး အခြားလူတစ်ယောက်အဖြစ် ပြောင်းပစ်လိုက်နိုင်လေသည်။

        ဖန်ရီကျန်းက သူမရဲ့လက်ထောက်ဖြစ်သူနဲ့ စကားပြောနေသေးဆဲ ဖြစ်ပြီး  အဆင်သင့် မဖြစ်သေးပေ။ဒီကိုမလာခင် လော့တင်းရဲ့ အံ့သြဖွယ်စွမ်းရည်တွေကို ၀ူယွမ်ဆီကနေ ကြားသိခဲ့ရပေမယ့် နောက်ဆုံး ခွဲခြမ်းစိတ်ဖြာပြီးနောက် ဖန်ရီကျန်း တစ်ဖက်လူရဲ့ပုံကြီးချဲ့ ဖော်ပြမှုအား အလေးအနက် မထားခဲ့ပေ။သူမက အဆိုတော်အဖြစ် ပွဲဦးထွက်ကတည်းက မရေမတွက်နိုင်တဲ့ နာမည်ကြီး ကြယ်ပွင့်တွေနဲ့ လက်တွဲခဲ့ပြီး  အခုအချိန်မှာ ပရိတ်သတ်အားပေးမှုအား ရရှိထားသူ ဖြစ်သည်။ထို့ကြောင့် သရုပ်ဆောင်တာ တကယ်​ကောင်းတယ်လို့ ၀ူယွမ်ပြောတုန်းက သေချာနားမထောင်ခဲ့ပေ။

       သရုပ်ဆောင်တာ ကောင်းတယ်ဆိုတာက ထင်မြင်ချက်တစ်ခုပါပဲ,နောက်တာလဲ ဖြစ်နိုင်တယ်လေ။ဒါက ရုပ်ရှင်ရိုက်တာလေးပဲ မဟုတ်ဘူးလား?လူတိုင်းက အဲ့ဒါ ဟန်ဆောင်နေမှန်း သိကြတယ်လေ။သူမရင်ထဲမှာ ထျန်းပန်ရဲ့လိုင်းတွေ ရှိနေဆဲဖြစ်တာကြောင့် ထိုအတိုင်းသာ ထားလိုက်တော့၏။အဆုံးမှာတော့ သူမ နေရာယူထားတာက မကောင်းခဲ့ပေ။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now