Part - 2

10.1K 643 7
                                    

Unicode

" သမီးရေ သမီး ထတော့လေဟယ် ၊ သူများတွေ သွားကုန်ကြပြီ "

မေမေရဲ့ အော်ခေါ်သံကြောင့် မဖွင့်ချင်တဲ့ မျက်လုံးတွေ ဖွင့်လိုက်ရသည်။ ဘေးက နာရီကိုကြည့်မိတော့ ၄ နာရီခွဲ ။ အစောကြီးကို ထရဉီးမယ်။ တက္ကသိုလ် မတက်ရမချင်းကတော့ အိမ်ကအလုပ် ကူလုပ်နေရဉီးမှာပဲ။ ရှိပစေတော့ ကိုယ်က လယ်သမား သားသမီး ဖြစ်လာတာပဲလေ။ အိပ်ယာမှ ချက်ချင်းထပြီး သွားတိုက် မျက်နှာသစ်ကာ အဝတ်စားလဲလိုက်သည်။

" ထမင်းထုပ်ကို ​မမိုး နဲ့ ပေးလိုက်တယ်နော် "

" ဟုတ် မေမေ "

တံဇဥ်ကိုင်ပြီး အိမ်ပြင်ထွက်လာကာမှ အိမ်ရှေ့က တန်းလျားပေါ်မှာ ငုတ်တုတ်ကြီး အိပ်နေတဲ့ ဘုတ်ဆုံကို မြင်မိသည်။

" ဟင် ဟေ့ရောင် ဘုတ်ဆုံ...."

" ဟေ ဟေ အမလေး.... "

သူရဲ့ အော်သံကြောင့် လန့်နိုးသွားတဲ့ ဘုတ်ဆုံကို ကြည့်ရင်း တေးသွားသွင် ရယ်လိုက်မိသည်။

" ဟေမနေနဲ့ သွားမယ် မသွားရင် မေမေက ဒီတစ်ခါ ချော့ပြောမှာ မဟုတ်တော့ဘူး "

" အေး ထူးသက်ပိုင်ကို ဝင်ခေါ်ရဉီးမှာ လှည်း.....ဝါး......လှည်းနဲ့လား "

ဘုတ်ဆုံက စကားပြောရင်း သန်း လိုက်ပြန်သည်။

" ဒီဖေ က ဘယ်တုန်းက ခြေလျှင်သွားဖူးလို့လဲ"

လှည်းမှာ နွားတပ်ပြီး ထူးသက်ပိုင် ကို ဝင်ခေါ်ကာ လယ်ထဲဉီးတည်လာခဲ့သည်။ တေးသွားသွင်က တစ်ခြားနေရာမှာသာ မပြင်းရင် မပြင်းမယ် လမ်းလျှောက်ရမှာတော့ အတော်ပြင်းသည်။ ဘယ်သွားသွား စက်ဘီး ဒါမဟုတ် လှည်းနဲ့သာ သွား​လေ့ရှိသည်။ စက်ဘီးတောင် နင်းနေရတာ မလို့ လှည်းနဲ့ သွားတာများသည်။ တစ်ခါ​တစ်လေ ဆို ရွာတောင်ပိုင်းနဲ့ မြောက်ပိုင်း အိမ်လည်တာတောင် လှည်းနဲ့လည်တဲ့ သူ။

နံနက်ခင်း ဝေလီဝေလင်း ချိန်မှာ မြူ​ေတွတောင် မရှင်းသေး။ လယ်ထဲရောက်တော့ အလုပ်သမားတွေ ကကြိုပြီး တောင် နှမ်းရိတ်နေကြသည်မှာ ခြောက်ယောက်စိုက် (တစ်ဧကခွဲ) တောင် တစ်ဝက်ကျိုးနေပြီလေ။ သူတို့သုံးယောက်လုံး မျင်နှာပူပူနဲ့ပင် ကျန်နေသေးသည့် လယ်ထိပ်ကပင် ငန်းယူ၍ ရိတ်လိုက်ကြသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now