Part - 41

7K 462 20
                                    


Unicode

ချစ်ခြင်းတွေဟာ ပြောင်းလဲမသွားပေမဲ့ ပြောင်းလဲသွားတာ တစ်ခုရှိသည်။နရည်လေး လေးနှစ်ပြည့် မွေးနေ့မှာ တေးက သူ့ကို အမြဲ မောင်လို့ခေါ်စေချင်သည်တဲ့။ အရင်ကဆို ကမာနီ စိတ်လိုလက်ရမှ ခေါ်လေ့ရှိပေမဲ့ အခု တေးက အမြဲခေါ်ဖို့တောင်းဆိုသည်။ အမြဲလိုလို ကျရှုံးစေတတ်တဲ့ နှုတ်ခမ်းပါးလေးက ချွဲကာဆိုတော့လည်း ကမာနီ မငြင်းနိုင်ပေ။ ဒီလထဲ သက်ပိုင်ပြန်လာတော့ နရည်လေးရဲ့ မွေးနေ့ပွဲက ပြည့်ပြည့်စုံစုံ ဖြစ်သွားသည်။

" ရင်ထဲ ရှိ ရှိသမျှ ပြောပြရရင် တကယ်လှတယ် "

တေးဖွင့်ထားတဲ့ သီချင်းကို သမီးလေးက လိုက်ဆိုနေသည်။နရည်လေးက တေးနဲ့ ရင်းနှီးတဲ့ private မူကြိုတစ်ခုမှာ တက်နေပြီလေ။ထည်ဝါ သူငယ်ချင်း ဖွင့်ထားတာဆိုတော့လည်း နရည်လေးက အရေးပေးခံရသည်။  ကျောင်းကိုလည်း private ကျောင်းမှာပဲ ထားဖို့စိတ်ကူးရှိသည်။သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ ဆက်နွယ်မှုက နရည်လေးကို တစ်ခုခု ထိခိုက်သွားမှာ တေးက စိုးရိမ်နေသည်။သူ့ကိုမပြောပြလည်း တေးမျက်နှာ တရိပ်ရိပ်ကြည့်နေသူပဲ ကမာနီ သ်ိတာပေါ့။ဆက်ဆံရေးတိုင်းဟာ ပွင့်လင်းဖို့ကောင်းတယ်ဆိုပေမဲ့ တစ်ချို့ကိစ္စတွေကျလည်း မသိချင်ယောင် ဆောင်လိုက်တာအကောင်းဆုံးပင်။ ဟိုတလောက အမြင့်ဆုံး private school တစ်ခုရဲ့ ရှယ်ယာတွေ ဝယ်ဖို့ သက်မှုံနဲ့ တိုင်ပင်နေတာလည်း ကြားလိုက်သေးသည်။ စီးပွားသက်သက်ဆိုပေမဲ့ ဒါတွေအားလုံး နရည်လေးအတွက်ပေ။တေးက ဘာအကြောင်းနဲ့မှ နရည်လေးကို မျက်နှာငယ်စေမဲ့သူမဟုတ်ဘူး ။ ငွေဆိုတဲ့ အရာက အရာအားလုံးကိုလုပ်ဆောင်မပေးနိုင်ပေမဲ့ တစ်ချို့ တစ်ချို့သော အရာတွေက ငွေနဲ့မှ ပြောင်းလဲလို့ရတာမျိုးတွေ ရှိသည်။

" မိုးကောင်းကင် ကြည်ပြာအောက်မှာ ~~~
ကောင်းခြင်းတွေ ပေါင်းစုစည်းကာ ~~~ သူ့ထက်ပိုကဲလှသူ~~ ရှိတော့ဖြင့် ရှိလိမ့်မယ် ~~အေးမြတဲ့ အပြုံးပိုင်ရှင်ရယ်"

" တောင်းဆုတွေ ပြည့်ဝခဲ့သူ~~~ နူးညံတဲ့နှလုံးသားနဲ့အတူ~~ စွဲမက်တဲ့ စကားနဲ့ဆင့်ကာ~ တုယှဥ်ပြိုင်လာလို့နှိုင်းရင် ရှုံးကြမှာပဲ "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now