Part - 23

6.9K 497 12
                                    


Unicode

တိတ်ဆိတ်တဲ့ သစ်ပင်အောက်မှာ သဘာဝ အေးမြမှုကို ခံယူရင်းဖြင့် စိတ်ရှုပ်ထွေးမှုကို ပြေပျောက်စေသည်။ ဒီနေရာလေးမှာ ခဏလောက် နေပြီးမှသာ အိမ်ကိုပြန်လာခဲ့ကြသည်။ အိမ်လေးဟာ တိတ်ဆိတ်တဲ့ ရပ်ကွက်လေးမှာ ရှိသည် ။ အိမ်​လေးရှိရာ လမ်းသွယ်လေးကို မိုးကုတ်ရဲ့ ဆောင်းရာသီ နှင်းဖြူဖြူတွေနဲ့ စိတ်ကူးယဥ်ကြည့်မိသည်။ သိပ်ကိုလွမ်းစရာ ကောင်းလာတာပဲ။

" ဟယ် အိမ်တံခါး ပွင့်နေတာ အန်တီလေး ရောက်နေတယ်ထင်တယ် "

ခြံဝန်းတံခါး သေးသေးလေး ပွင့်နေရုံမက အိမ်တံခါးတွေပါ ပွင့်နေလေသည်။ အိမ်ထဲရောက်တော့ အနီပြောတဲ့ အန်တီလေး ဆိုတဲ့ အမျိုးသီးက ဆတ်တီခုံပေါ်မှာ တစ်ဖက်ခြေထောက်ကို ချိတ်၍ ထိုင်ကာ စီးကရက်တစ်လိပ်ကို သောက်နေသည်။ ဆံပင်တွေဟာ အနည်းငယ်တော့ ကောက်ချင်သလို ရှိပြီးပွနေကာ မျက်ခုံးတွေဟာ မဲနက်ထူလွန်းသည်။ မျက်ဝန်းတွေက အနီနဲ့မတူပေမဲ့ တစ်မျိုးလှပေတာပဲ။ ခပ်တည်တည် ကြည့်နေတဲ့အကြည့်ဟာ တစ်ခြားလူဆို ဒူးတုန်နေလိမ့်မည်။ စီးကရက်ကို တစ်ချက်ရှိုက်ဖွာပြီး ဆေးလိပ်ငွေ့တွေကို ခပ်ဖြည်းဖြည်း မှုတ်ထုတ်လိုက်သည်။ အနားဖွင့်ထားတဲ့ သီချင်းလေးက စိုင်းထီးဆိုင်ရဲ့ တေးတစ်ပုဒ်။

" နေချင်ရင် နေလိုက်ကြရုံ ~ ......
~ မနေချင်ရင် သွားပေါ့ မတားပါဘူး ~
လူဆိုတာ မာနနဲ့ပါ နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး "

အနီက အခန်းထဲဝင်သွားတာမို့ ထိုအမျိုးသမီးနဲ့ မျက်နှာချင်းဆိုင်မှာပဲ ထိုင်လိုက်သည်။ အဲ့ဒီအမျိုးသမီးရဲ့ မျက်ဝန်းတွေက တေး ဆီမှာပဲ ရှိနေဆဲ။ ကိုယ်နဲ့မသိတဲ့သူမို့ ပြုံးမပြတတ်တာကြောင့် ပုံမှန်တိုင်းသာ ခပ်တည်တည် ပြန်ကြည့်တော့ တိုတောင်းတိုးညှင်းတဲ့ ရယ်သံတစ်ချက် သူမဆီက ထွက်လာသည်။ အခုဖွင့်နေတဲ့စိုင်းထီးဆိုင် ရဲ့ သီချင်းက မေမေ့ကိုတောင် သတိရစေသည်။ မေမေလည်း ဒီသီချင်းကို အမြဲဖွင့်နေကျ။ ပြီးရင် မေမေ့မျက်ဝန်းမှာ စိုလဲ့နေတဲ့ မျက်ရည်စ အချို့ကို တွေ့ရတတ်သည်။ဒါတင်မက တစ်ခါတစ်ခါဆို နီရဲတဲ့ နှာဖျားနီနီကိုပါ တွေ့ရတတ်သေးတာ။ ဘာကြောင့်လဲ ဆိုတာတော့ တေး ဘယ်တုန်းကမှ မစပ်စုခဲ့မိ။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now