Part - 40

8.2K 469 17
                                    


Unicode

မိုးတွေဟာ တဖျန်းဖျန်းနဲ့ လေလေးကလည်း တဖြူးဖြူး။မိုးဆိုရင် တေးက သည်းသည်းထန်ထန် ရွာတဲ့မိုးမှ သဘောကျတာ။မနေ့က သက်ပိုင်က သူ့ရဲ့ မိန်းကလေးကို တေးတို့နဲ့ တွေ့ဆုံပေးသည်။တစ်ခါတစ်လေ ဘဝက ရယ်စရာကောင်းသည်။ သက်ပိုင်ရဲ့ အစ်မဆိုသူက အနီရဲ့ အခန်းဖော် သူငယ်ချင်း ဖြစ်ခဲ့ဖူးသူတဲ့။ အနီကတော့ သိမ့်ယမင်း ဆိုတဲ့ သူ့သူငယ်ချင်းနဲ့ သက်ပိုင်ကို သဘောကျလို့မဆုံး။ တေးကတော့ သက်ပိုင်ပျော်နေတယ် ဆိုရင်ပဲ အဆင်ပြေပါသည်။ တစ်ခုပဲ စိုးရိမ်မိသည်။ သက်မှုံကတော့ သက်ပိုင်ကောင်မလေး ခေါ်လာတာနဲ့ ပတ်သက်ပြီး သိပ်ပြီးကြည်ဖြူပုံ မပေါ်။

မိုး​အေးအေးနဲ့ သားအမိနှစ်ယောက်က TV တစ်လုံးနဲ့ Animation တစ်ကားကြည့်နေသည်။
တေးမှာသာ မိုးကအေးအေးနဲ့ ငယ်ရွယ်သူဆိုတော့ စိတ်ထဲမရိုးမရွ။ဘာကို လွမ်းရမှန်းမသိ။ ဖတ်ခဲ့ဖူးတဲ့ ဝမ်းနည်းဖွယ် အဆုံးသတ်တဲ့ ဝတ္ထုတွေ ပြန်တွေးပြီးပဲ လွမ်းရမလား။

" ဒေါ်တေး ဘာဖြစ်နေတာလဲ "

TV ရှေ့လာထိုင်လိုက် ဂီတာယူပြီး တီးလိုက်နဲ့ ဂဏာမငြိမ်တဲ့ တေးကို အနီ ကြည့်ရပုံမပေါ်တော့။နရည်လေးကတော့ သူ့အမေ ကိုမှီရင်း တေးကို မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေသည်။

" မသိပါဘူး မိုးကအေးအေးဆိုတော့ ဘာကိုလွမ်းရမှန်းမသိ ​"

" ရှင်က ဘာကိုလွမ်းချင်သေးတာလဲ ရုံးက အတွင်းရေးမှူးမလေးကိုလား "

" ဟောဗျာ အဲ့ကောင်မလေးက ပါလာပြန်ပြီလား"

" ကြည့် သူ့ဟာမ ထိတော့ ချက်ချင်းကို ဖျတ်ဖျတ်လူးလို့ "

မျက်စောင်းခဲကာ ဆူပုတ်သွားတဲ့ အနီ့အနားထိုင်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ရုတ်တရက်ဆိုတော့ ဒီအမျိုးသမီး လန့်သွားပုံပေါ်သည်။မျက်ဝန်းလေးတွေ ကျယ်သွားတဲ့ အခိုက်မှာ အနီ့မျက်နှာတပြင်လုံး တေး စတင်ကာ နမ်းရှိုက်လိုက်သည်။အငိုက်မိသွားရာမှ သတိပြန်လည်လာပြီး တေး ရင်ဘတ်လေးကို တွန်းတော့ နောက်ဆုတ်ပေးလိုက်ရသည်။

" ဘယ်လိုဖြစ်နေတာလဲ ကလေးလေး ရှိနေတာလည်း သတိရဦး "

သမီးလေးကို ကြည့်တော့ မျက်လုံးအဝိုင်းသားလေးတွေနဲ့ ငေးကြည့်နေရာမှ တခစ်ခစ်ထရယ်သည်။အနီကတော့ မျက်နှာတစ်ပြင်လုံး ရဲနေသယောင်ယောင်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now