Part - 28

5.8K 449 12
                                    

Unicode

ညနေဘက် မာမီ့ကို ဆေးတိုက်နေတုန်း ဗီရိုပေါ်မှာတင်ထားမိခဲ့တဲ့ ဖုန်းက မြည်လာသည်။နံပါတ်စိမ်းမို့ ကြောင်ကြည့်နေဆဲ ကိုင်လိုက်တော့ တေး အသံလေး ကြားရ၍ အပြုံးတွေဖုံးမဖိနိုင်တော့။

" ရော့ နီနီ...... "

မာမီ့ဆီက ရေဖန်ခွက်ကို ယူပြီး နေရာတကျထားကာ မာမီ့အခန်းထဲက အလျင်အမြန်ထွက်ပြီး ကလေးမကို ပြန်ဖြေရသည်။

" လွမ်းလိုက်တာကွာ တစ်ရက်တိတိတောင် ဖုန်းမခေါ်ဘူး နေနိုင်လိုက်တာ "

" အိမ်ရှေ့ရောက်နေတာ အနီ "

တေးရဲ့ အသံမှာ လွမ်းဆွတ်မှုတွေကို မခံစားရ။ အိမ်ရှေ့ရောက်နေတယ် ဆိုတော့ လိုက်ခနဲ ဝမ်းသာသွားကာ ​ခြံတံခါးနား သွက်သွက်လေး လှမ်းမိသည်။တေးက ဆံပင်လေးတွေကို စုစည်းထားသည်။ အလုပ်ရှုပ်နေတာနဲ့ ဆံပင်တောင် ညှပ်ချိန်ရပုံမပေါ်။ မျက်နှာလေးက ချောင်ကျနေသည်။ နည်းနည်းလေးတောင် ပိန်သွားသည်။ တံခါးဖွင့်ဖွင့်ချင်း အပြေးဖက်ချင်စိတ်ကို မနည်းထိန်းထားရသည်။

" တေး...."

လက်လေးနှစ်ဖက်ကို ဆုပ်ကိုင်ကာသာ တစိမ့်စိမ့်ကြည့်ရင်း အလွမ်းဖြေရသည်။တေး က လက်လေးတစ်ဖက် ညင်သာစွာ ရုန်းကာ နားသည်စပ်က ဆံနွယ်လေးတွေကို သပ်တင်ပေးသည်။

" အထဲသွားရအောင်လေ "

အိမ်ထဲက ထွက်လာကတည်းက တေး ရဲ့ အနမ်းတစ်ပွင့်ကို ရင်ခုန်စွာစောင့်နေခဲ့တာ ခုထိမရသေး။တေး လည်တိုင်ကို ယှက်ပြီး မျက်နှာအနှံ အနမ်းတွေနေရာချချင်မိသည်။ တေးဘက်က အနည်းငယ် အေးစက်နေသည်ဟု ထင်နေဆဲ အိမ်ထဲ ရောက်ရောက်ချင်း ကိုယ်ကို လှည့်ဆွဲယူခံရကာ နှုတ်ခမ်းထက်မှာ ကြမ်းရှစွာ နမ်းခံရတော့သည်။တေးရဲ့ လက်တွေက သူမခါးထက်မှာ ပွေ့ဖက်ထားပြီး သူမလက်တွေက တေးလည်တိုင်ကို ဖက်တွယ်ထားမိသည်။  မိနစ်အနည်းငယ် ကြာအောင် မွတ်မွတ်သိပ်သိပ် နမ်းပြီး မျက်နှာအနံ့ ထပ်ပြီး အနမ်းခံရပြန်သည်။နောက်ဆုံးအနမ်းကို အသက်ရှုရ ကြပ်တဲ့အထိနမ်းလိုက်ကြတာမို့ ဝင်သက်ထွက်သာဟာ ပြင်းနေပြီး ရင်ဟာ လှိုက်ဖိုမောနေသည်။တစ်ဦးမျက်ဝန်းမှ တစ်ဦး အကြည့်တွေ မဖယ်ထားခွာနိုင်သေးဘဲ စိုက်ကြည့်နေကြပြန်သည်။ အိမ်ထဲကိုဝင်လာတဲ့ ကြီးမြ ချောင်းဟန့်သံကြားမှ ကိုယ်ချင်းခွာလိုက်ကြသည်။ စော​စောက နှစ်ယောက်သား ဘာမှမတွေးမိကြပဲ အခုမှ ကြီးမြ မြင်သွားမလား စိုးရိမ်ပြီး မျက်နှာတွေပူလာကြသည်။မြင်တော့ မမြင်လောက်ကောင်းပါရဲ့ ။အိမ်ထဲမှာ ဘယ်သူမှ ရှိကြတာမှ မဟုတ်။ကြီးမြက တေးကို ပြုံးပြနှုတ်ဆက်ပြီး အိမ်နောက်ဘက်ကို ဝင်သွားသည်။ဘာမှမပြောနိုင်သေးဘဲ တေး ရင်ခွင်ထဲ တိုးခွေ့ဝင်မိသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now