Part - 21

6.2K 469 6
                                    


Unicode

ပန်းဆိုင်အလုပ်ကိစ္စ ဒီရက်ပိုင်းပိုများ လာတာမို့ ဒီမနက် ဒေါ်အေး မရှိ။ မနက်စာကို ကိုယ်တိုင်လုပ်ရသည်။ သက်ပိုင်နဲ့ သက်မှုံ ဟာ ဘယ်တုန်းက စောစောထလေ့မရှိ။ ရွာမှာကလွဲရင်ပေါ့ ။ ရန်ကုန် ရောက်သည့်တိုင် ဘိုစာတွေကို တေးတို့ မစားတတ် ။ ဖေဖေနဲ့ နွေးက မနက်တိုင်း ကော်ဖီနဲ့ မုန့်နဲ့ ပြီးတတ်ပေမဲ့ တေးတို့က ထမင်းဖြူဖြူ မဟုတ်တောင် ထမင်းကြော်နဲ့မှ ဝသည်။ နွေး အတွက်ကတော့ ဆန်ပြုတ်လေးသာ ပြုတ်ထားလိုက်သည်။ သက်ပိုင်တို့ အောက်ဆင်းလာသည့်တိုင် နွေးက မရောက်သေးတာမို့ သွားနှိုးရဦးမည်။ နေမကောင်းလို့များ ခုထိ အိပ်နေလား မသိ။

" နွေး.....နွေး......ဘယ်လိုနေသေးလဲ "

" ဟင်..... တေးလား.....အား......"

နွေးက စုတ် တစ်ချက်နှစ်ချက် သပ်၍ ဖြည်းဖြည်းချင်း ထသည်။

" တဖြည်းဖြည်း ကြည်လာပြီ ၊ တို့ကို လာနှိုးတာလား "

" ဟုတ်တယ်လေ ၊ ကဲထ သွားတိုက်ဆေး ထည့်ပေးထားတယ် ရေနွေးလေးနဲ့ မျက်နှာလေးပဲ သစ်လိုက် ရေမချိုးနဲ့ဦးနော် "

နွေးကို ထူပြီး ရေချိုးခန်းဘက် လိုက်ပို့လိုက်သည်။အပြင်ထွက်မည် ကြံတော့ နွေးက သူမ လက်ကို ခုထိမလွှတ်ဘဲ ဆုပ်ကိုင်ထားဆဲ ။

" ရတယ်မလား တေး သွားနှင့်ပြီနော် "

" တေး..... "

" ဟုတ်နွေး.... ပြောပါ "

" ကျေးဇူးနော် "

နွေးက သူမ လက်ကိုသာ ကြည့်နေရာမှ လက်နှစ်ဖက်လုံးဖြင့် အုပ်ကိုင်လိုက်သည်။ လက်ဖမိုးလေးကို ညင်သာစွာ ပွတ်သပ်နေသည်။ တေး မနေတတ်တာမို့ ညင်သာစွာ ရုန်းတော့ နွေး မျက်နှာက ကြည်ကြည်လင်လင် လေးပြုံးလာသည်။

" ပြောစရာမလိုဘူးလို့ တေး ခဏခဏ ပြောထားရဲ့သားနဲ့ "

နွေးရဲ့ မျက်နှာပေါ်မှာ ရှုပ်နေတဲ့ ဆံစလေးတွေကို နားထဲသို့ ညှပ်တင်ပေးလိုက်ပြီး ထွက်လာခဲ့တော့သည်။ နွေးဟာ တကယ့်မိန်းမချော တစ်ဦးပဲ ။ မျက်ခုံး မျက်လုံး နှာတံတို့ဟာ ပြောစရာမလိုအောင် ပြေ​​​ပြစ်လှသည်။ထိုမျက်နှာလေးအပြင် ဖြောင့်စင်းတဲ့ ခန္ဓာ အလှနဲ့ လိုက်ဖက်ညီတဲ့ အရပ်ကြောင့် ပုရိသအရွယ်မရွေး ငေးချင်လောက်အောင် တက်မက်ဖွယ်ရဲ့ ။ ဒီအိမ် တေး စရောက်ကာစက နွေးရဲ့ နောက်မှာ အနည်းဆုံး ယောက်ျားတစ်ယောက်လောက်တော့ ခဏခဏ မြင်ရသည်။ အဲ့ဒီတုန်းကတော့ အိမ်ထောင်ရှိ မိန်းမတစ်ယောက် ဖြစ့်ရဲ့သားနဲ့ ဆိုပြီး ခဏခဏ အထင်သေးဘူးသည်။ နွေး ဖွင့်သည့်ဆိုင်ကကို အလှအပနဲ့ ဖက်ရှင်ဆိုင်ဆိုတော့ လူအများစုနဲ့ ပတ်သက်ရသည်လေ ။နွေးနဲ့ ခင်လာသည့် နောက်ပိုင်း နွေး မပက်သက်ချင်သည့်တိုင် အတင်းလိုက်လာကြသည့် လူတွေနဲ့ ဆက်ဆံရေးကို တေး နားလည်လာသည်။ ဖေဖေနဲ့ နွေးဟာ ဇနီးမောင်နှံ ဖြစ်သည့်တိုင် ရင်းရင်းနှီးနှီးမပက်သတ်ကြတာလည်း သတိထားမိလာသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now