Part - 33

6.7K 474 13
                                    


Unicode

"ကြာလိုက်တာဟာ အရွက်သုပ်တာကလည်း "

" အန်တီလေးကလည်း စိတ်ချည်းပဲ "

ပန်းကန်ပြားလေးကို လှမ်းယူပြီး အန်တီမော်က ကမာနီ့ကို ပြောလေသည်။နောက် တစ်ယောက်တစ်ဆ့င် အရွက်သုပ် ပန်းကန်လေးကို လက်ဆင့်ကမ်းကြသည်။တေးနဲ့ ဒေါ်နေသစ်မော်ကတော့ ဘာတွေ တီးတိုး ပြောနေကြရယ်မသိ။ နှစ်ယောက်သား ခပ်တိုးတိုးသာ ပြောနေကြသည်။သီးချင်းဆိုသူကဆို ဖွင့်သူကဖွင့်နဲ့ ညဥ့်နက်လာတော့ ပြန်ဖို့ပြင်ကြသည်။သိမ်းစရာ ရှိတာတွေ ကူသိမ်းကြသည်။

အနီက ဝိုင်ဖန်ခွက်တွေကို သိမ်းတော့ တေး ကူဖို့လုပ်ပေမဲ့ နွေးက ဝင်ကူတာမို့ ရပ်​​နေလိုက်သည်။

"ပေးလေ လက်ထဲက ဖန်ခွက်တစ်ခွက် နိုင်လည်း မနိုင်ဘဲနဲ့ "

" နိုင်ပါတယ် "

ထူးမြတ်နွေးက ပြုံးရုံသာ ပြုံးပြီး ကမာနီ့ လက်ထဲက ဖန်ခွက်တစ်လုံး ဆွဲယူကာ ကျန်ဖန်ခွက်တွေကို သိမ်းလိုက်သည်။နောက် အမျိုးသမီးနှစ်ယောက် ဖန်ခွက်တွေ ကိုယ်စီသယ်ပြီး အိမ်ထဲဝင်သွားကြသည်။

" ဘယ်နားထားရမှာလဲ နီနီ "

" ပေး ဒီကိုပေး "

ကမာနီက လက်ထဲက ဖန်ခွက်တွေကို ရေစင်မှာ ပွတ်တိုက် ဆေးကြောလိုက်တော့ ထူးမြတ်နွေးပါ ဝင်ကူလေသည်။

" ရပါတယ် နေပါ "

အပြင်က ကလေးတွေရဲ့ ရယ်အသံတွေကြားရသည်။အတော်မူး သွားသည့် ထူးသက်ပိုင်ကို စနေကြတယ် ထင်ပါရဲ့ ။

" နီနီ.....  "

ထူးမြတ်နွေးက ခပ်တိုးတိုး ခေါ်လေတော့ ကမာနီ တစ်ချက် ကြည့်လိုက်သည်။

" ငါ့ကို ခုထိ မကျေနပ်သေးဘူးလား "

တိုက်လက်စ ဖန်ခွက်တွေကိုသာ ရေတွင်ဆေးကြောလိုက်သည်။

" ယောကျာ်း တစ်ယောက်အတွက်နဲ့ ငါက နင့်ကို ခုချိန်ထိ အမြင်မကြည် ဖြစ်နေတယ်လို့ ထင်နေတာလား "

" တေးပြောမှ သိတာ အန်ကယ်ဆုံးတာကိုလေ တကယ်စိတ်မကောင်းပါဘူး "

ဆေးပြီးသား ဖန်ခွက်တွေကို ကမာနီ စားပွဲပေါ် ဂရုတစိုက် တင်လိုင်သည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now