Part - 13

6.7K 497 14
                                    

မနေ့တနေ့ ဆိုတဲ့ နေ့ဟာ အနောက်မှာ ကျန်ရစ်ခဲ့ပြီး မနက်ဖြန်ဆိုတဲ့ ဒီနေ့ဟာ ယခု ကြုံတွေ့နေခဲ့ရသည့်တိုင် အနီက သူ့ကို ချစ်တယ် ဆိုတာကို မယုံနိုင်ချင်သေး။ အိမ်မက်တစ်ခုပမာ ။ အနီ နဲ့ ပတ်သက်ခဲ့တဲ့ နေ့ရက်တွေကလည်း အိမ်မက်အလားပင်။ အိပ်စက်နေတဲ့ အိမ်မက်ထဲမှာ နတ်မိမယ် တစ်ပါးကို ဆုံတွေ့နေရသလို။ ဒါတွေအကုန်လုံး အမှန်တကယ် အိပ်မက်ဖြစ်နေတယ် ဆိုရင်တောင် ဒီအိပ်မက်လေးကနေ ဘယ်တော့မှ မနှိုးထချင်မိ။အဲ့ဒီအတွက် အရာအားလုံး ကိုပေးဆပ်ရမယ်ဆိုရင်တောင် အဆင်သင့် ပေးဆပ်လိုက်မည် ထင်ရဲ့ ။

" ဒါနဲ့ ညက သက်မှုံတို့ ဘာတွေပျော်နေကြတာလဲ "

အစ်မနွေးက နံနက် ထမင်းဝိုင်းမှာ မေးလာတော့ သူတို့သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

" အဲ့ဒါလေ တေးသွားလေ ..."

နှုတ်သွက်တဲ့ သက်မှုံက စကားစလိုက်တုန်း ဖေဖေက ဝင်ပြောလာသည်။

" မန္တလေးသွားမှာ ကို ပျော်နေကြတာပါ နွေးရဲ့ ၊ ဒါနဲ့ နွေး လိုက်ဖို့ အဆင်ပြေရဲ့လား ဆိုင် အလုပ်တွေနဲ့ဆိုတော့ "

ဖေဖေက ဒေါ်အေး ပြင်ပေးတဲ့ နံနက်စာကိုသာ စားရင်းမှ မေးလိုက်သည်။

" ပြေပါတယ် ဦးထွန်း ၊ နွေးလဲ မန္တလေး တစ်ခေါက်လောက် ပြန်သွားချင်တာမို့ "

ဖေဖေ ရဲ့ နောက်အိမ်ထောင်နဲ့ ပက်သက်ပြီး တေး တစ်ခါတစ်ခါတော့ သံသယဝင်ချင်မိသား ။ ခုချိန်ထိ သားသမီး မရကြသေးတဲ့ အပြင် ဖေဖေနဲ့ အစ်မနွေးတို့ သိပ်လည်း မရင်းနှီးကြဘူး ထင်တယ် ။ ဒေါ်ဒေါ်အေးလည်း ပြောဖူးတာပဲ ။ တေးသွားတို့ မလာခင်ထိ ဒီအိမ်က စိုပြေမှု မရှိဘူးဆိုတာ ။

ဖေဖေက ထမင်းစားပြီးပြီးချင်း အလုပ်ကိုသွားရတာမို့ ကျောင်းကို သွားဖို့အတွက် တေးတို့ သုံးယောက် အစ်မနွေးနဲ့ လိုက်ရတော့မည် ။ ကျောင်းသွားဖို့ ပြင်နေတုန်း နီနီ ရောက်လာသည်။ မနက်က နိုးနိုးချင်း အသံလေး ကြားကတည်းက တွေ့ချင်နေတဲ့ ဆန္ဒက ယခု ချက်ချင်းပြည့်လာပြီ။

" ဟာ မမနီ ဘာလာလုပ်တာလဲ "

" နီနီ့ ကောင်မလေးကို ကျောင်းလိုက်ပို့ဖို့လေ"

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Tempat cerita menjadi hidup. Temukan sekarang