Part - 5

7.9K 582 8
                                    

လေပြေလေးတွေက ကားပြတင်းမှန်ကနေတစ်ဆင့် ဝင်ရောက်လာသည်။ ဘာရယ်မှန်းမသိ ဟိုအမျိုးသမီးလေးကို သတိရမိပြန်သည်။ မတွေ့ရတာ တစ်ပတ်တောင် ကျော်ပြီပဲ ။ သက်ပြင်းတစ်ချက်ကိုသာ ဘေးက အန်တီရည်နွယ် မသိအောင် ခပ်သာသာ ချလိုက်သည်။ ဒီနေ့ညနေ ပိတ်ရက်မှာ ဖေဖေ့မိတ်ဆွေ အန်တီရည်နွယ်က ဘုရားခေါ်တာနဲ့ လိုက်ခဲ့ရသည်။ အိမ်က ဟိုနှစ်ကောင် မပါ၍လားမသိ သိပ်တော့ မပျော်။
ဘုရားရောက်တော့ အန်တီရည်နွယ်က ပုတီးစိပ်နေသေးတာနဲ့ ဘုရားကို တစ်ပတ် ပတ်နေလိုက်သည်။

" အို...အမေ့.... "

" သတိထား လျှောက်မှပေါ့ ကလေးမရဲ့ "

တန်စောင်းတွေ ငေးနေတာနဲ့ ရှေ့ကလူကို တောင် သတိမထားမိ။ တိုက်ဆိုင်တာလား....။ကံကြမ္မာကပဲ ဖန်တီးတာလား ဆိုတာတော့ သမ္မာဒေဝ နတ်တွေပဲ သိလိမ့်မည်။

အဝါနုရောင် မြန်မာဝတ်စုံလေးနဲ့ သူတွေ့ချင်တဲ့ အမျိုးသမီးလေးဟာ ရိုးရှင်းစွာ လှနေရက်တယ်။ ဖြူစင်တဲ့ အပြုံးလေးတစ်ခုမှာ ကမ္ဘာလောကကြီး ရပ်တန့်နေလိုက်တာ အနားကို အန်တီရည်မွန်ရောက်လာမှပဲ ပြန်အသက်ဝင်လာတော့လေရဲ့။

" ဪ..... တေး ကိုလိုက်ရှာနေတာ "

ဖြူစင်စွာ လှပတဲ့ အပြုံးတစ်ခုဟာလည်း အနားရောက်လာတဲ့ အန်တီရည်နွယ်ဆီ အကြည့်ရောက်တော့ ခဏချင်း ပြန်တည်သွားတာတော့ တေးသွား မြင်လိုက်ရသည်။

" ပျင်းတာနဲ့ ဘုရားပတ်ဖူးနေတာ အန်တီရည်နွယ် "

" ဟုတ်လား တို့ အဲ့လောက် ကြာသွားလား အားနာလိုက်တာ "

" မဟုတ်တာ ရပါတယ် "

တေးသွား ကို ပြောနေရတာနဲ့ အနားကလူကို အန်တီရည်နွယ် ခုမှ ​မြင်ပုံပေါ်သည်။

" ဟင် နီနီ ပါလား၊ ဘုရားလာတာလား"

" ဟုတ်တယ် မမရည်"

" ကောင်းတာပေါ့၊ နီနီကို ခုလို မြင်ရတာ စိတ်ချမ်းမြေ့မိတယ် "

အန်တီရည်နွယ် ကို စကားပြောရင်း နီနီဆိုသည့် ထိုအမျိုးသမီးက တေးသွားကို ကြည့်လာသည်။

" ဒါနဲ့ နောက်က ကလေးမက...."

" ဪ ဒါ မိတ်ဆွေ တစ်ယောက်ရဲ့ သမီးပါ "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now