Part - 14

6.4K 507 9
                                    

မနက်ဖြန် ဆိုလျှင် မန္တလေး ခရီးစဥ် စရတော့မည်မို့ သက်မှုံတို့ ပျော်နေကြသည်။ အပျော်ဆုံးကတော့ တေးပင် ။ အနီ့ကို ပြောထားသည့် ဦးပိန်တံတားပေါ်မှ နေဝင်ချိန်ကို စိတ်ကူးယဥ်လိုက်တိုင်း ရင်ခုန်သံတွေက ကြိမ်းနှုန်းတွေ မြန်မြန်လာသည်။

" ဟေ တေး ဘာပြောတယ် "

" ကျစ် ဘာလို့ တစ်ခါတည်းနဲ့ နားမလည်တာလဲ "

သက်မှုံက အော်ရယ်မိပေမဲ့ သက်ပိုင်က ပြုံးရုံသာ ။

" အေးပါ စိတ်ချပါ "

" သက်မှုံကမှ ချစ်ဖို့ကောင်းတာ "

သစ်သားထိုင်ခုံပေါ်် ထိုင်နေတဲ့ တေးက ခုတင်ပေါ်တက်ပြီး သက်မှုံ အနားလှဲချလိုက်သည်။

" ဒါနဲ့ တေး နင်အသက် မပြည့်သေးဘူးနော်"

" ဟ.... ဘာတွေတွေးနေတာလဲ ငါက ဒီတိုင်းရိုးရိုး အိပ်ဖို့ပြောတာ "

သက်ပိုင်စကားကြောင့် တေး မျက်နှာတောင် ဘယ်နားထားရမယ် မသိ ထူပူလာပြီး  ရှက်ရှက်နဲ့ အော်မိသည်။ အရယ်သန်တဲ့ သက်မှုံကတော့ အူတက်လို့မဆုံး ။ သက်ပိုင်က အသံတိတ်အော်ရယ်နေသည်။

" အေးလေ ငါကလည်း ဒီတိုင်း နင့် အသက်မပြည့်သေးဘူးဆိုတာ ပြောပြတာ ၊ ဘာတွေတွေးနေတာလဲ "

ရှက်ရှက်နဲ့ ဘေးနားက ခေါင်းခုံးနဲ့ သက်ပိုင်ကို လှမ်းပစ်လိုက်သည်။

" ပြည့်တော့မှာ ဘယ်နှလမှ မလိုတော့ဘူး "

" အသက်တော်တော် ကြီးချင်တယ်ပေါ့ "

" ကြီးချင်တာပေါ့ ဖြစ်နိုင်ရင် ဆယ်နှစ်လောက်ကို ကြီးချင်တာ "

" ဟ ....၊ အစ်မနီကို ငယ်ခိုင်းလိုက်ပေါ့ "

အနီ့ကို ဖုန်းဆက်ဖို့ သတိရသွားတာမို့ သက်ပိုင်ကို ပြုံးရုံသာ တုံ့ပြန်မိသည်။

​​ဒီမနက် နေက အတန်ငယ်မြင့်လာတော့ ဝတ်ရည်နဲ့ တေး သူငယ်ချင်း နှစ်ယောက် ရောက်လာကြသည်။ ပါလာသည့် နှစ်ယောက်ထဲက တစ်ယောက်က ယောက်ျားလေး သူငယ်ချင်း ဖြိုးဝေ ဖြစ်သည်။

" မေမေကလေ တေး တို့နဲ့မို့ ထည့်တာဟ "

ဝတ်ရည်က အိတ်တစ်ဖက်နဲ့ လျှောက်လာရင်း ပြောသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now