ရင်ခွင်ထဲက မိန်းကလေးရဲ့ နဖူးထက်မှာ နူးညံ့တဲ့ အနမ်းတစ်ပွင့်ကိုတော့ ဒီတစ်ခါ စိတ်သန့်သန့်နဲ့ ပေးနိုင်ခဲ့ပြီ ။
စာအုပ်စင်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်တော့ အနီက သူမရင်ခွင်ထဲကို တိုးဝှေ့ဝင်လာသည်။" တို့ကြောင့် အနီ့ကလေးမကို ပင်ပမ်းစေမိပြီ"
အနီ့ နဖူးလေးပေါ် နောက်တစ်ကြိမ် အနမ်းတစ်ပွင့်ခြွေမိသည်။
" မဟုတ်တာ ၊ စိတ်ဒုက္ခတွေ ဆိုရင်တောင် အနီပေးတာမို့ ပျော်ပျော်ကြီးနဲ့ကို ခံယူဦးမှာ "
အနီက ကျေနပ်စွာပြုံးနေပြန်သည်။ ဒီနေ့တော့ အနီရဲ့ မျက်ရည်တွေရော အပြုံးတွေပါ မြက်တွေ့ခဲ့ရပြီ ။
" တေးသွားသွင် "
အနီက နာမည်တစ်ခုကို ခေါ်တာမျိုး မဟုတ်ဘဲ သဘောကျတဲ့ အရာတစ်ခုကို တီးတိုးရေရွတ်သလို လေးပင်စွာ ရွတ်ဆိုလာသည်။ သဘောကျသည်ထင်ရဲ့ ရယ်သံလေးလည်း ထွက်လာသည်။
" မင်း တို့ကို တကယ်ချစ်တာရော ဟုတ်လား "
ရင်ခွင်ထဲမှာ မှီနေရာမှ ခေါင်းထောင်လာပြီး ရုတ်တရက်ဆိုသလို အလန့်တကြား မှုန်သုန်စွာ မေးလာသည်။
" အွန်း "
" ဟော ချစ်သူတော်တာမှ မိနစ်ပိုင်းပဲ ရှိသေးတယ် ဖြေပုံဖြေနည်းက ဘယ်လိုကြီးလဲ "
အနီ ရဲ့ ဆူအောင့်အောင့် စကားသံကြောင့် တေးသွား အော်ရယ်မိသည်။
" ဟော ရည်စားလုပ်ပေးတာမှ မိနစ်ပိုင်းပဲ ရှိသေးတယ် အရစ်ခံနေရပြီ "
" ဟောကြည့် ဒီမိန်းမရဲ့ အချစ်ကိုလည်း ရရော လေသံက ချက်ချင်းပြောင်းတာပဲ ၊ဟွန့် အဲ့ဒါကြောင့် အဖွားက သုံးနှစ်သုံးမိုး စောင့်ခိုင်းလို့ ပြောတာပေါ့ "
ကလေးတစ်ယောက်လို ဆူအောင့်အောင့် ပြောနေတဲ့ ဒီအမျိုးသမီးကို ချစ်မိရင်းကို ထပ်ချစ်နေမိတော့သည်။ အူတွေ အသည်းတွေ မက အသွေးအသားတွေပါ ယားလာတာမို့ အနီ့ကို တစ်ကိုယ်လုံး သိမ်းကျုံးပွေ့ဖက်လိုက်သည်။
" ချစ်တာပေါ့လို့ ချစ်တာပေါ့ ရင်ထဲ အသည်းထဲ အူထဲ ကျောက်ကပ်ထဲ နှလုံးသားထဲ အသွေးအသားထဲ စိတ်ဝိညာဥ်တွေထဲကကို ချစ်တာ "
YOU ARE READING
ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)