Extra - 2

13.6K 525 46
                                    


မနက်စောစောစီးစီး မနိူးသေးဘူး ဆူညံသံတွေက အရင်ကြားရလေသည်။စကားသံတွေနဲ့ ခိုင်းစေသံတွေက အစီအရီဆူညံနေသည်။

" မောင် ဘယ်က အသံတွေလဲ "

ရင်ခွင်ထဲက အမျိုးသမီးက အိပ်ချင်မူးတူး ဆိုလာသည်။

" အနောက်မယ်တော်ကြီး တင်ဖို့လုပ်နေကြတာလေ "

" ဪ "

တေးတော့ ဆက်အိပ်မရတာမို့ ထကာ မျက်နှာမိုးနှာ သစ်ရသည်။တေး ထတော့ အနီပါ ထလာသည်။တိုက်တိုက်ဆိုင်ဆိုင်ပဲ အရှေ့ပိုင်းက အဖွားလေးမြေး အစ်မကြည်မိုးက ထမင်းစားဖို့ လာခေါ်သည်။နံနက်စာကို အိမ်မှာမစားချင်တာနဲ့ အတော်ပင်။အဖွားလေးက အဖိုးရဲ့ ညီမဖြစ်ပြီး တေးကို ငယ်ငယ်က ထိန်းကျောင်းလာခဲ့တာ။အခုတော့ အဖွားလေးမရှိတော့ပေမဲ့ အဖွားလေး သားသမီး တေး ဦးလေး ဘထွေး တွေရှိပါသေးတယ်။

" ဟေ တေးငယ် ပါလားကွ လူအကြီး ကြီးကို ဖြစ်လို့ကွာ "

အိမ်ရှေ့ လမ်းမမှာ တံမြတ်စည်းလှဲနေတဲ့ ဖွားလေးသား ဘထွေးက ဦးစွာနှုတ်ဆက်သည်။

" ကိုဥာဏ်တို့ ရော နေကောင်းလား ဘထွေး"

" ကောင်းတယ်တဲ့ တေးငယ် အစ်ကို ကိုဥာဏ်ကတော့ မိန်းမနောက် ကောက်ကောက်ပါသွားပါလေရော မိမိုးကတော့ အပျိုကြီးဖြစ်မယ်ထင်ပါရဲ့ကွာ အိမ်မှာ လယ်ယာတွေ နဲ့ အိမ်ခြံ သူပဲဦးစီးနေတာ "

အသက်ကြီးလာတဲ့ ဘထွေးရဲ့ အပြုံးတွေက ခုထိ ချိုမြိန်နေဆဲ။ မနက်စောစော တစ်ဝိုင်းလုံး သန့်ရှင်းနေတာက ဘထွေးရဲ့ လက်ရာတွေလေ ။ခုလည်း လမ်းရိုးတစ်လျှောက် အမှိုက်တွေလှဲနေပြန်ပြီ။ပြီးရင် ခြံဘက်ကို ကူးပြီး မနေနိုင်မထိုင်နိုင် မရှိတဲ့ ပေါင်း သွားသင်နေဦးမည်။ အသက်ကြီးလာတော့ မယ်မယ်ရရ လုပ်စရာမရှိတော့ ပျင်းနေမှာပေါ့။

" မမိုးဆီ ကလေးထိန်းဖို့ လာပေးထားဦးမှပဲ အပျိူကြီး ပျင်းနေမှာစိုးလို့လေ "

အနောက်က မမိုးကတော့ အမလေးဟယ် ဟု ရေရွတ်ကာ ရယ်မောလိုက်သည်။

" ဟဟား မိမိုးက တခြားကလေးသာ စိတ်မရှည်တာ သူ့ညီမ ကလေးကျ ထိန်းပေးပါလိမ့်မယ်ဗျာ ဪ မေ့နေတာ ငါ့ညီမအိမ်မှာ မယ်တော်ကြီး တင်တာကိုး ​"

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now