Part - 37

7.3K 466 18
                                    

Unicode

" ပူတူး ရေ အမေက ထမင်းစားရအောင်တဲ့ ခုနက ဧည့်သည် အစ်မပါ ခေါ်ခဲ့တဲ့ "

အပြင်က အစ်မခေါ်သံ ကြောင့် တေး ထိုင်ခုံအမှီမှ ကျောမတ်လိုက်တော့ ရင်ခွင်ထဲက အနီပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။အနီလက်ကို အသာဆွဲကာ နောက်ဖေးတံခါးပေါက်ကနေ အိမ်ကြီးထဲ ဝင်လာခဲ့သည်။အမြဲ ခပ်ပြုံးပြုံး နေတတ်တဲ့ ဒေါ်လေးရဲ့ မျက်နှာက အခုလည်း ကြည်လင်လျက်။

" ဘယ်သွားဖို့လဲ ဒေါ်လေး ဝတ်ကောင်းစားလှတွေနဲ့ "

" အနောက်ဖက်ရွာက ငါ့ကောင်မ အလှူပါအေ ၊ အငယ်မ ပူတူး ဧည့်သည်ကို ကောင်းကောင်း ဂရုစိုက်ပေးနော် ၊သွားဦးမယ် သမီး.......ပေတေရေ......ဘယ်ချောင်မူးနေလဲဟ မြန်မြန်လုပ် နေမြင့်နေပြီ "

" တကယ် ငါ့အမေကတော့....."

သူမကို ပြုံး၍ကြည့်ကာ လူတစ်ယောက်ကို အိမ်ထဲမှ အသံကုန်အော်ခေါ်ပြီး တတွတ်တွတ် ဆိုသွားသော တေးရဲ့ ဒေါ်လေးကို ကြည့်ပြီး ကမာနီ ပြုံးလိုက်မိသည်။

" ဟော ငါမကြိုက်တဲ့ အသားတွေ ချက်ပြန်ပြီ "

" ငါးခြောက်ဖုတ် ဆီဆမ်း လုပ်ပေးထားတာပဲ ဒီမှာ ပဲပြုတ်လည်းရှိတယ် ငါးနှပ်လည်း ရှိတယ် နင်ကိုက ချေးများတယ် "

ထမင်းဝိုင်း ကြည့်ပြီး ဗျစ်နေရတာနဲ့ အနားက အနီ့ကို မေ့သွားသည်။

" ဪ အနီ....... ဒါ တေး အစ်မ ၊သီတာ့ သမီး သီရိတဲ့..... "

"သောက်ကလေးမ....သူစိမ်းရှေ့တော့ ဟန်ဆောင်ပန်ဆောင်လေး ယဥ်ကျေးစမ်းပါဦး "

တေး လက်မောင်းကို ဖျက်ခနဲရိုက်ကာ အစ်မဖြစ်သူက ပြစ်တင်ဝေဖန်သည်။

" သူစိမ်း မဟုတ်ပါဘူး မသီရိကလည်း....... "

" သိပါတယ် နင်တို့ သူစိမ်း မဟုတ်မှန်း "

" ဘာပြောတယ်"

တေးက ရုတ်တရက် အော်လိုက်တော့ သီရိက ကမာနီကိုလည်း ကြည့် တေးကိုလည်း ကြည့်ကာ ခေါင်း ချာလည်ရမ်းသွားသည်။

" အာ....အာ....မဟုတ်ဘူး.....တမင်ချောင်းတာ မဟုတ်ဘူးနော်.... ဟို.....ဟို....ခုနက....ထမင်းစားဖို့ ပထမ တစ်ခေါက်လာခေါ်တာ အဲ့တာ......မတော်တဆ .....နော်....ပူတူး......ငါ တမင်ကြည့်တာ မဟုတ်ဘူးလို့.... "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now