Part - 39

7.7K 465 36
                                    


Unicode

ခန္ဓာကိုယ်မှ ချမ်းစိမ့်မှုကို ခံစားရမှ ဘေးက စောင်ကို ဆွဲယူလွှမ်းခြုံလိုက်သည်။ရနေကျ အနွေးဓာတ် တစ်ခုက အနားမရောက်လာတဲ့အခါ ဘေးနားကို လက်ဖြင့်စမ်းမိသည်။အိပ်ယာအလွတ်သာ စမ်းမိတော့ ဆတ်ခနဲ မျက်လုံးဖွင့်ကာ တစ်ခန်းလုံးကို ဝေ့ဝိုက်ရှာနေမိသည်။ထထိုင်ကာ စဥ်းစားမိမှ ခရီးသွားတဲ့ အဖြစ်ကို သတိရမိသည်။ဘာမှမဟုတ်ဘဲ ဆွေးမြည့်လာပြန်သည်။

အိပ်ယာပေါ်က ဆင်းကာ အံဆွဲဗီရိုပေါ်က ဖုန်းကို ယူပြီး ပြန်တက်လာသည်။ အချစ် ဆိုတဲ့ contact ကိုရွေးချယ်ကာ ဖုန်းခေါ်လိုက်သည်။နာရီကို အမှတ်တမဲ့ ကြည့်မိတော့ 5 နာရီပင် မခွဲသေး။ဒီအချိန် အနီ နှိုးပါဦးမလား ။ သုံးခါလောက်ပဲ ခေါ်ရသေး အိပ်ချင်မူးတူး အသံလေးကို ကြားလာရသည်။

" အင်း နိုးပြီလား အစောကြီးရှိသေး ဘယ်တုန်းကမှ ဒီအချိန် မထတတ်သူက "

အသံလေးကို ကြားရလာမှ အလွမ်းဟာ တစ်ဝက်သက်သာသွားသည်။

" လွမ်းလို့လေ ၊ ငိုတောင်ငိုချင်တယ် ဘေးကိုစမ်းကြည့်တော့ အနီက အနားမှာ မရှိဘူး "

"တို့ငိုမိတော့မယ် တေးရဲ့ မင်းနဲ့ ခဏလောက် ဝေးနေနိုင်မယ်လို့ထင်ထားတာ တစ်ရက်တောင် မပြည့်သေးဘူး ဘယ်လောက်ထိ ခံရခက်တယ်မှတ်လဲ အခုချက်ချင်းတောင် ပြန်လာချင်ပြီ "

ရယ်သံသဲ့သဲ့ ကို တမင်ဟန်ပြု ရယ်လိုက်ရသည်။

" တေး အလုပ်နားရက် လာခဲ့ပါ့မယ် အဖွားရော ဘယ်လိုနေသေးလဲ သမီးလေးရော "

" အသက်ကြီးတော့ အရိုးတွေက ပြန်ကောင်းမယ် မထင်တော့ပါဘူး အခုတော့ ဝှီးချဲနဲ့ပဲ သွားလာနေရတယ် သမီးလေးက ဘေးမှာ အိပ်နေတုန်း တေးရဲ့ ၊ အဖွားနဲ့ သမီးလေးက အရမ်းကို အဆင်ပြေနေကြတာ မျက်နှာလေး မြင်ချင်လို့ Viedo call ခေါ်လိုက်မယ် "

ညက အိပ်ရေးပျက်လို့လား မသိ အနီ့ မျက်ကွင်းလေးတွေ အနည်းငယ် ညိုချင်သည်။အနီနဲ့ စကားပြောနေတုန်း သမီးလေးက လွန့်လူးနိုးလာသည်။

" မာမား "

" ဟော ကလေးလေး နိုးလာပြီ "

" ရှင့်သမီးလေ မိုးကုတ်တောင် မရောက်သေးဘူး လမ်းတစ်ဝက်မှာတင် မာမားကို  လွမ်းလို့ဆိုပြီး ငိုသေးတယ် "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now