Part - 17

6.6K 494 11
                                    

ခေါင်းထဲဟာ ရိပ်ခနဲ ။ ဝမ်းနည်းမှုကြောင့်လည်း မျက်ရည်ကြည်တွေ ဝေ့ဝိုက်လာသည်။ မနေ့ညက ဘဆွေကြီး စကားကို ခုမှနားလည်တော့သည်။

" ကဲ သမီး ဘဆွေကြီး သွားတော့မယ် ၊ ငါ့သမီးကို တွေ့ချင်လို့ စောင့်နေမိတာ ၊ ဘာတွေကြုံလာကြုံလာ သတ္တိရှိရှိရင်ဆိုင်နော်....၊ သံသရာတကွေ့ ပြန်တွေ့တဲ့အခါ မိဘ နဲ့ သားသမီး မေတ္တာမျိုးနဲ့ ဆုံကြတာပေါ့ "

အဲ့အချိန်က ဘဆွေကြီး မျက်ဝန်းတွေထဲ မျက်ရည်တွေ ဝေ့ဝိုက်နေခဲ့တာ ။ ပြီးတော့ အနူးညံ့ဆုံး ပြုံးပြခဲ့တာ ။ ဖေဖေ နဲ့ မေမေ ကွဲလို့  မေမေနဲ့ ရွာလိုက်ဖို့ ကားဂိတ်မှာ ဘဆွေကြီးကို နှုတ်ဆတ်တုန်းက အချိန်ကလိုပဲ ။

" တေးရယ် ဦးလေးက ဘာပြောလို့လဲ ရင်ပူလိုက်တာကွယ် "

အနီ့ ရင်ခွင်ထဲကနေ ထွက်ပြီး ဧည့်စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။

" အနီ.... "

တေးရဲ့ ဘေးမှာ ဝင်ထိုင်ပြီး လက်ဖဝါးလေးကိုသာ အနီ ဆုပ်ကိုင်ထားလိုက်ကာ အားထုတ်ပြုံးပြလိုက်သည်။

" ဘဆွေကြီးက လွန်ခဲ့တဲ့ သုံးနှစ်က ဆုံးသွားတာတဲ့ "

ဆုပ်ကိုင်ထားခံရတဲ့ တေး လက်လေး ဆိုဖာခုံပေါ် ပြုတ်ကျသွားသည်။ ​အနီရဲ့ အပြုံးလေးတောင် ဘယ်လွှင့်စင် သွားရယ် မသိ။ အတန်ကြာအောင် နှစ်ယောက်ကြားမှာ တိတ်ဆိတ်နေပြီးမှ အနီက တေးကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားသည်။

" မယုံနိုင်စရာပဲကွယ် ၊ အံ့သြဖို့ကောင်းလိုက်တာ တေး ကြောက်နေလားဟင် "

" ဟင့်အင်း "

တကယ်ပဲ အံသြဖို့ကောင်းလွန်းတာမို့ အနီ ခဏကြက်သေသေ သွားမိသည်။ ညကပဲ သူရော တေးပါ စကားတောင် ပြောကြပြီး သူမောင်းတဲ့ စက်လှေပါ......... အို.... ထူးဆန်းလိုက်လေခြင်း....ဘယ်လိုလို့ဖြစ်နိုင်မှာလဲ ။
တကယ်လား အိမ်မက်လား ။ အိမ်မက်လို့ ယုံကြည်ရအောင်လည်း ခြေဖဝါး သဲကပ်လို့ ညကတောင်..... ။

" အနီ ဘာမှမတွေးပါနဲ့ ၊ အစွဲအလမ်း ကြီးလွန်းတဲ့အခါ သူတို့ဖြစ်ချင်တာကို ရအောင်လုပ်တတ်ကြတယ် "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now