Part - 18

6.6K 480 10
                                    

Unicode

ဒီမနက်မှာပဲ ဟိုတယ်နဲ့ အနီးဆုံးက ဘုန်းကြီးကျောင်းတစ်ခုမှာ ပရိက္ခရာရှစ်ပါးနဲ့ ဝတ္ထုငွေ အချို့ကို ဘဆွေကြီးအတွက် ရည်မှန်းပြီး လှူလိုက်ကြသည်။ ကုသိုလ်အကျိုးကို ဘဆွေကြီးတစ်ယောက် ရရှိခံစားနိုင်ပါစေ။
မိုးဟာ မှိုင်းညို့ညို့နဲ့ အေးစိမ့်စေသည်။ မန္တလေးဆိုတဲ့ ​ဟောဒီအရပ်ဒေသကို သူမ တစ်ခေါက်ပြန်ရောက်လာပြန်သည်။ အတိတ်မှန်သမျှဟာ တကယ်ပဲ ဆိုးညစ်တတ်ကြတာလား။

မှန်သားပြတင်းချပ်မှာ အကြည့်ရှိနေပေမဲ့ စိတ်အာရုံတွေကတော့ လွင့်ပျံနေရဲ့။ လည်ပင်းသားပေါ်  လျောခနဲကျလာကာ အေးခနဲ ခံစားလိုင်ရတဲ့ အထိတွေ့ကို ကမာနီ ခံစားလိုက်ရသည်။
ဂီတသံစဥ် အက္ခရာလေးတစ်ခုထဲမှာ အဖြူရောင် ပုလဲလုံးလေးနဲ့ လော့ကတ် ရွှေဆွဲကြိုးမျှင်မျှင်လေး တစ်ခု။

" သဘောကျရဲ့လား အနီ "

" လှလိုက်တာ "

နောက်ကနေ သိုင်းဖက်ကာ သူမပါးပြင်ကို ခပ်ဖွဖွ နမ်းရှိုက်လာတဲ့ တေး။ရယ်သံသဲ့သဲ့ပြုကာ ပခုံးပေါ် မေးစွန်းလေး တင်ထားပြန်ရဲ့။

" တို့အတွက် အဆင်တန်ဆာတွေ မလိုအပ်ပါဘူး"

" လိုချင်နေတာ တော်တော်ကြာပြီ ဒီလော့ကတ်လေးကို စတွေ့ကတည်းက အနီနဲ့ သိပ်လိုက်မှာပဲ တွေးနေတာ ၊ အခုမှ ဆန္ဒပြည့်တော့တယ်  "

တေးရဲ့ မျက်နှာနှနှကို လက်ဖဝါးဖြင့် ပွတ်သပ်ကာ နမ်းရှိုက်လိုက်မိသည်။

" တေး ​မေမေ့ဆီ ပြန်ရတော့မယ် "

" ဟုတ်သလား "

" အနီနဲ့လည်း အတူရှိချင်သေးတယ် မေမေ့ကိုလည်း လွမ်းလှပြီ "

" ကျောင်းပိတ်တုန်းလေး ပြန်ရတာမလား သွားလိုက်ပါ ၊ သက်ပိုင်တို့ကရော ပြန်မှာလား "

" နေခဲ့ဦးမှာတဲ့ ၊ အနီရော နေခဲ့မလား "

" မင်းကြောင့် လိုက်လာတဲ့ ခရီးပဲ ၊ မင်းမှမရှိရင် ဆက်နေဖို့ အကြောင်းကို မရှိတာ"

အချိန်အတော်ကြာ တိတ်နေရာမှာ တေး ဘက်လှည့်ကာ ရင်ခွင်ထဲကို တိုးဝင်ဖက်ထားလိုက်မိသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now