Part - 8

6.7K 541 2
                                    


" ဟို.... sorry "

ရုတ်တရက် ကိုယ်တိုင် ဘာဖြစ်သွားမှန်း မသိ။ သတိလက်လွတ် ဖြစ်သွားတာထက် မြတ်နိုးလွန်းသည့် စိတ်ကို မထိန်းလိုက်မိခြင်းပင်။

အနီ့ မျက်ဝန်းတွေက အဝိုင်းသားနှင့် ။

" စိတ်ဆိုးသွားလား အနီ "

အနီက သူ့ကိုခပ်တွေတွေ ကြည့်နေရာမှ ခေါင်းလေး အသာယမ်းလိုက်၏။

" ဒါနဲ့ ဟိုနေ့က မင်းအိမ်မှာ တွေ့ခဲ့တဲ့ အမျိုးသမီးက မင်းနဲ့ ဘယ်လိုပတ်သက်တာလဲ "

အပြုံးတစ်ချက်နဲ့ အနီက တည်ငြိမ်စွာ မေးလာသည်။ မျက်ဝန်းတွေထဲမှာတော့ တစ်စုံတစ်ခုကို ချုပ်တည်းထားသလို ။

" ဖေဖေ့ နောက်မိန်းမ ပါ "

ဪ တစ်လုံးသာ ရေရွတ်သည့် အနီက တည်ငြိမ်လွန်းလှသည်။

" စာအုပ်ဖတ်မလား တေး ၊ ဒါမှမဟုတ် တို့ဖတ်ပြမယ်လေ "

" နေပါစေ ၊ ပြန်တော့မယ် "

ရင်ထဲနေရ ခက်လွန်းတာမို့ အနီရှေ့ ရှိမနေချင်တော့ ။ အနီ့ဆီက ဘာစကားမှ ထွက်မလာခင် ဦးအောင် ထွက်လာခဲ့တော့သည်။စာအုပ်ဖတ်ပြမယ်တဲ့လား။ သဘောတော့ ကျမိသား အနီ။ သိမ်ငယ်စိတ် နဲ့ ဝမ်းနည်းမှုက လှိုက်တက်လာတာမို့ အနီရှေ့မှာ မျက်ရည်မကျချင်။

အခန်းထဲက ထွက်သွားတဲ့ ကျောပြင်လေးကို ငေးကြည့်ခဲ့တဲ့ တစ်ယောက်ကတော့ ရပ်လျက်နဲ့ပင် အချိန်တော်ကြာ ပုံစံမပျက်။ မြင်ကွင်းလေးပျောက်ကွယ် သွားပြီး အတော်ကြာတဲ့အထိ။

အိမ်ရောက်ရောက်ချင်းပင် သက်ပိုင်က သတိထားမိပုံပေါ်သည်။ ဘာမှတော့ မပြော။ ဝရန်တာမှသာ တေး တစ်ယောက်တည်း ထိုင်နေမိသည်။ အတွေးတွေက ရောက်တတ်ရာရာ။စိတ်တွေက ရှုပ်ထွေးလျက်။လေးပင်တဲ့ သက်ပျင်း​တွေသာ အကြိမ်ကြိမ် ထွက်လာသည်။ တကယ်ဆို သူနဲ့ အနီရဲ့ ရင်းနှီးမှုက အနမ်းတစ်ခု ဖြစ်တည်ဖို့ မလုံလောက်သေးဘူး မဟုတ်လား။ ဘယ်လောက်မြတ်နိုးသည် ဆိုဦးပေါ့။

ဘာလို့ ဒီလောက် ရဲတင်းလွန်းသွားပါလိမ့်။ အနီ့မှာများ သက်ဆိုင်သူ ရှိနေခဲ့ရင်ဖြင့်။ ချုပ်တည်းထားသည့် ဝမ်းနည်းစိတ်ကြောင့် ရင်ထဲက နာကျင်မှုက ပိုဆိုးလာသလို မျက်နှာပူစိတ်တွေကြောင့် လက်ဝါးနှစ်ဖက်လုံးနဲ့ မျက်နှာပြင် တစ်ခုလုံး ပွတ်သပ်မိသည်။ လက်ချောင်းတွေနဲ့လည်း ဆံပင်တွေကို အကြိမ်ကြိမ် တိုးဖွလျက်။ ခုချိန်မှာ ရေခိုးရေငွေ့လိုသာ ပျောက်ကွယ်သွား ချင်မိသည်။ ပြီးတော့ အရာအားလုံးကို မေ့ပစ်လိုက်ချင်မိသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Donde viven las historias. Descúbrelo ahora