Part - 36

6.6K 470 12
                                    

Unicode

ငြိမ်သက်စွာ ထာဝရ အိပ်ပျော်သွားတဲ့ မမကို မော် မျက်တောင်မခတ်တမ်းကြည့်နေမိသည်။ ပါးပြင်ထက်က စိုစွတ်မှုကြောင့် မျက်ရည်တွေ မရပ်မနားကျဆင်းနေတာ သိပေမဲ့ ရှိုက်ကြီးတငင် မငိုကြွေးမိ။ငယ်ငယ်က သူ့ကိုဆို အမြဲတမ်း အလိုလိုက် ကာကွယ်ပေးခဲ့တဲ့ မမကို အချိန်အကြာကြီး စိတ်ဆိုးမိတာကို မော် အကြီးကြီး နောင်တရမိသည်။မမ အနားကို ပြန်ရောက်လာတဲ့ အချိန်ကျတော့လည်း သေခြင်းတရားက လက်ကမ်းကြိုသွားပြီ။မိဘနှစ်ပါး မရှိတော့တဲ့ အချိန်မှာ ညီမဖြစ်သူကလည်း အဝေး​မှာ​နေခဲ့မိသည်။ တကယ်ကို အချိန်ကြာကြာ မမကို စိတ်ဆိုးခဲ့မိတာ။ယောက်ျားဘက်က ဂုဏ်ဓနဆန်တဲ့ ဆွေမျိုးတွေဘက်မှာ တစ်ယောက်တည်းနဲ့ မမရဲ့ မာနတွေ ဘယ်အထိများ ချိုးနှိမ်ပြီး နေခဲ့ရမလဲ ။လူ့ဘဝဆိုတာ တကယ်ကို တိုတိုလေး ။ဒါကိုမေ့ပြီး ကိုယ့်အတ္တတွေ ဒေါသတွေပဲ ရှေ့တန်းတင်ခဲ့ကြတယ်။ မမြင်ချင်လို့ ထွက်ပြေးပြီး တကယ်လည်း သူထွက်သွားရော မော်တို့တွေ ငိုကြွေးရုံပဲ တတ်နိုင်ကြတာ မဟုတ်လား။ ရန်ဖြစ်နေခဲ့ကြတဲ့ အချိန်တွေမှာ အပြုံးတစ်ပွင့်သာ ဖြစ်တည်စေခဲ့ရင် မော် ဒီလောက်ထိ ယူကျုံးမရ ဖြစ်မှာမဟုတ်။ ငယ်ငယ်ကတည်းက မျက်ရည်ဆို သိပ်မုန်းတဲ့ မော်က မမကို ဘယ်လောက်ထိများ မျက်ရည်တွေပေးခဲ့မိရယ် မသိ။နောက် ဘဝပေါ့ မမရယ်။ နောက်ဘဝကျရင် မမရဲ့ ညီမငယ်အဖြစ် ပြန်မွေးပြီး ဒီဘဝက အကြွေးတွေပါ မေတ္တာတိုးနဲ့ ဆပ်ပါ့မယ်။

မာမီ ဇာပနနေ့မှာ ဒယ်ဒီ့ဆွေးမျိုးတွေလည်း လာကြသည်။အန်တီခက်ကလည်း အဘွားနဲ့အတူပါလာသည်။အဘွားက ရောက် ရောက်လာခြင်း သူမကို ထွေးပွေ့သည်။ပြီးတော့ စိတ်မကောင်း၍ မျက်ရည်ကျသည်။မာမီ့ဘက်ကဆွေမျိုး မိတ်ဆွေတွေ နဲ့အန်တီလေးရဲ့ မိတ်ဆွေကြောင့် ဇာပနက လူများသည်။ဘယ်သူ့ကိုမှ ကမာနီ  ကောင်းကောင်းမွန်မွန် စကားမပြောနိုင်။အနားမှာ တေးရှိနေတာက သူမအတွက် ခွန်အားတစ်ခု ဖြစ်စေသည်။တင်းထားတဲ့ စိတ်တွေက မီးခိုးတိုင်က အငွေ့ထွက်လာတဲ့အခါ ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ မာမီ မရှိတော့ဘူးဆိုတဲ့အသိက ရင်ကိုမခံမရပ် နာကျင်စေသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now