Part - 7

7.1K 543 4
                                    

တေးသွားကို သူပြောပြသည့် ကမာနီ ဆိုတဲ့ အမျိုးသမီး တစ်ဦး ​ခေါ်သွားပြီးနောက် ထူးသက်ပိုင် သက်မှုံနှင့် အိမ်ချက်ချင်း မပြန်သေးဘဲ ကုန်တိုက်တစ်ခုထဲ ဝင်နေပြန်သည်။
ပစ္စည်းဝယ်ဖို့ တော့ မဟုတ်။ ဒီအတိုင်း ပျင်းလို့ တိုက်တစ်ခုလုံး ပတ်ငေးနေခြင်းပင်။ ဘေးက ပါလာတဲ့ သက်မှုံကတော့ လိုအပ်တာလေးတွေ ဝယ်ပြီး ဘာမှမဝယ်ဘဲ ပတ်နေတဲ့ သူ့ကို တဖွဖွ ပြောလို့မဆုံး ။

" ထူးသက်ပိုင် ဘာမှမဝယ်ရင်လည်း ပြနမမယ်ဟာ "

" ဘာဖြစ်နေတာလဲ အစောကြီး ရှိသေးတာကို"

" ဟာ နင်က သက်သက်မဲ့ကြီး လျှောက်ကြည့်နေတာကို "

သက်မှုံ စကားကို နားမထောင်ဘဲ နာရီဆိုင် တစ်ခုထဲဝင်ပြီး နာရီတွေ ကြည့်နေမိပြန်သည်။ သဘောကျသည့် နာရီတစ်ခုကို ကောက်ကြည့်ကာ စျေးကြည့်တော့ သိန်းဂဏန်း ကျော်နေတာမို့ မျက်လုံး အနည်းငယ်ပြူးမိသည် ။
သက်မှုံကတော့ ဆိုင်ထဲ လိုက်မလာ ။ ထူးသက်ပိုင် ဘာမှမဝယ်ဘူးဆိုတာ သူသိသည်လေ ။

" ကဲ ပြီးအုံးမှာလား သက်ပိုင် "

" ပြန်မယ်လေ ခဏလေး လိုအပ်တာလေး ဝယ်လိုက်ဦးမယ် "

" တော်သေးတာပေါ့ စျေးတစ်ခုလုံး ပတ်ပြီး ပစ္စည်းလေးတော့ ဝယ်သေးလို့ "

သူလိုအပ်တာဝယ်ပြီးတာနဲ့ သက်မှုံ လက်ကိုဆွဲပြီး ဓာတ်လှေကား ရှေ့ သွားလိုက်သည် ။

" ဘာလုပ်တာလဲ သက်ပိုင် "

" ဘာလဲ ပြန်မယ်လေ အောက်ထပ်ဆင်းဖို့ ဓာတ်လှေကား စီးမယ်လေ "

" ဟင့်အင်း ဟင့်အင်း ဟိုဘက်ကပဲ ပြန်မယ်လာ "

" ဘာမှမဖြစ်ပါဘူး သက်မှုံရဲ့ လူတွေ အများကြီး ဟာ "

သူ့စကား မဆုံးသေး သက်မှုံ ဆွဲခေါ်ရာ ပါလာတော့သည် ။ သက်မှုံက ဓာတ်လှေကား ကြောက်သည်လေ ။ တစ်ခါမှ မစီးဖူးဘဲကို ကြောက်သည်တဲ့။ ရန်ကုန်မှာ နေတာ နှစ် နှစ်ပြည့်တော့မည် ။ သက်မှုံ တစ်ခါမှ ဓာတ်လှေကား မစီး ။ တေးသွားနဲ့ လိုက်ဖူး၍ သက်ပိုင်ကတော့ ဓာတ်လှေကားနဲ့ လေး ငါးခေါက်မက အတက်အဆင်း လုပ်ဖူးသည် ။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now