Part - 4

8.2K 626 4
                                    

Unicode

နံနက်ခင်းဟာ တိတ်ဆိတ်ပေမဲ့ နှစ်သက်စရာကောင်းခဲ့သည်။ မနေ့ညနေက တွေ့ခဲ့ရတဲ့ မျက်ဝန်းလှလှတွေဟာ အိမ်မက်တွေထဲထိ စိုးမိုးနေရာယူပြန်သည်။ အခန်းထဲကို သတိထားကြည့်တော့ ဟိုနှစ်ယောက်တော့ မရှိတော့။ ကြည်လင်တဲ့ အပြုံးနဲ့ပဲ ဒီမနက်ခင်းကို စတင်ခဲ့ရသည်။ ဒီအမျိုးသမီး တစ်ယာက် ကြောင့်တဲ့လား.....။

ကျောင်းရောက်တော့ အချိန်က ရှစ်နာရီပဲ ရှိသေးတာမို့ စောတော့စောသေးသည်။
သူတို့သုံးယောက်သား အခန်းထဲ မဝင်သေးဘဲ ကန်တင်းက လက်ဖက်ရည် ဆိုင်တစ်ခုမှာ
အချိန်ဖြုန်းနေကြသေးသည်။

" မိတေး မနေ့ညနေက ဘယ်သွားတာလဲ "

" ဟင် ဘာလို့တုန်း "

ထူးသက်ပိုင်က လက်ထဲက စာအုပ်ကို စားပွဲ တင်လိုက်သည်။

" နင် ငါတို့မပါဘဲ ဘယ်မှ မသွားဘူးလို့ ပဲဆိုတော့လေ "

" အင်း ဒေါ်ဒေါ်အေး အကူညီတောင်းလို့ လုပ်ပေးတာပါ"

" သက်မှုန်က ဒီမှာရောက်နေတာလား "

အနောက်နားက အသံပိုင်ရှင် မိန်းကလေးကို သူတို့လှည့်ကြည့်မိကြသည်။
သက်မှုံရဲ့ အတန်းထဲက မိန်းကလေး တစ်ယောက်ပဲ။ သူတို့သုံးယောက် ရန်ကုန်မှာ ကျောင်းအတူတူ တက်ကြပေမဲ့ မေဂျာမတူကြ။ တေးသွားနဲ့ ထူးသက်ပိုင်က ​အင်္ဂလိပ်စာ တူပြီး သက်မှုံကတော့ ရူပဗေဒ ရသည်။

" ဟုတ်တယ် ဝတ်ရည် သွားကြတော့မလား "

" အင်း စာမေးစရာလည်း ရှိလို့ သွားရအောင်"

သက်မှုံက ထိုင်ရာမှ ထပြီး

" ငါ သွားပြီနော် "

" အင်း အင်း "

သူတို့နှစ်ယောက်ကို နှုတ်ဆက်ကာ ထိုမိန်းကလေးနှင့် ပါသွားတော့သည်။

ထူးသက်ပိုင်ကတော့ မျက်နှာက ဆူပုတ်နေသည်။

" ဘာဖြစ်နေတာလဲ ငထူးရ "

" မသိဘူး ငါတို့မဟုတ်တဲ့ တခြားသူနဲ့ သက်မှုံ ပေါင်းသင်းတာ မကြိုက်ဘူး "

ထူးသက်ပိုင် စကားကို တေးသွား တစ်ချက်ရယ်လိုက်သည်။

" ကလေး ဆန်လိုက်တာဟာ "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now