Part - 20

6.8K 487 11
                                    


Unicode

အချိန်ဟာ ရပ်တန့်နေသည် မဟုတ်ဘဲ တနေ့ ပြီး တနေ့ ရွေ့နေသည်လေ။ တေးတောင် အသက်တစ်နှစ် ထပ်ကြီးလာပြီ ။ တစ်နှစ်ဆိုတဲ့ ဒီအချိန်လေးဟာ ဘာမှမကြာ ။ ဒီ အချိန်တွေတွင်းမှာ ကမာနီ ဆိုတဲ့ အမျိုးသမီးကို တွေ့ခဲ့သည်တဲ့လား ။ ပြန်စဥ်းစားမိရင် ရင်ဟာ ဟိုတုန်းကလို လှိုက်ဖိုနေဆဲ။ ကြည်နူး ရသည်။

ကမာနီ....နီ....အနီ.....အာရုံတွေထဲမှာ အနီရောင် နှင်းဆီ ရနံ့တွေသာ လွှမ်းခြုံထားတော့၏။ အနီ့ကို ချစ်ရတယ်လို့ သိတဲ့ အခါတိုင်း မိဘကျေးဇူးကို အထူးသတိရမိသည်။ ဒီလောကမှာ မွေးဖွားလာရခြင်းမှာ ကမာနီ ကို ချစ်ရတာဟာ ဘုရားသခင်ရဲ့ အထူးချီးမြှင့်မှု တစ်ခု။

အမျိုးသမီး နှစ်ယောက်ရဲ့ ချစ်ခြင်းတရားကို လောကစဥ်းမျဥ်းတွေကြား နူးနူးညံညံ့လေး ဖန်တီးထားတဲ့ အကယ်၍သာ ဆိုတဲ့ စာအုပ်လေးကို သတိရမိသည်။

" မင်းကို ဘယ်လောက်ထိ ချစ်လဲဆိုတာကို တွေးကြည့်ရုံနဲ့ တို့ကြောက်မိတယ် "

အကြိုက်ဆုံး စာသားတစ်ခု မဟုတ်ခဲ့ပေမဲ့ တလေးတစား ဖတ်ခဲ့တာမို့  မှတ်မိနေခဲ့တာမျိုး ။ ခုလာ်း ဒီတိုင်းပါပဲ ။ အနီ့ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မမေးရဲတဲ့ အထိပင်။

" တေး ရေ ဖုန်းလာတယ် ၊ ရော့ ငါတို့သွားနှင့်ပြီနော် "

ဝရံတာထက်ကနေ ​​အောက်ကနှင်းဆီပင်ကို ငေးရင်း အတွေးတွေ ပျံ့လွင့်နေခိုက် သက်ပိုင် အသံကြောင့် အာရုံတွေ ပြန်လည်စုစည်းလာသည်။

သူမ ချစ်ရပါသော အမျိုးသမီးရဲ့ အခေါ်တော်ပင်။

" အနီ ပြောလို့ရပါပြီ "

" အကြောင်းတစ်ခုကြောင့် ဒီမနက်စောစောပဲ မိုးကုတ်ကို ထွက်လာလိုက်ရတယ် မင်းဆီ မလာနိုင်တော့ဘူး "

" ရပါတယ် အနီ ၊ ခရီးက တစ်ယောက်တည်းလား "

" မဟုတ်ပါဘူး မာမီရဲ့မိတ်ဆွေတွေပါတယ် စိတ်မပူနဲ့နော် ​၊ ကျောင်းသွားတော့မှာ မလား ကောင်းကောင်းသွားနော် "

" ဟို.....အနီ....."

" ဘာလဲ ကလေးမရဲ့ ပြောစရာရှိတာ ပြောလေ"

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now