Part - 3

8.4K 685 9
                                    


Unicode

" လယ်သမားလမ်း ၁"

တိုးညှင်းစွာ ရေရွတ်လိုက်ပြီး အိမ်ရှေ့၌ ခဏရပ်နေမိသည်။ ထိုအိမ်သည် သူနှင့် စိမ်းကားနေသည့် အိမ်မဟုတ်။ သို့ပေမဲ့ တစ်ယောက်တည်းတော့ မဝင်ချင်သေး။ အိမ်ကြီးကို ခေတ္တမျှ ရပ်ငေးနေပြီး နှုတ်က ထပ်မံရေရွတ်လိုက်ပြန်သည်။

" တောင်ဒဂုံ "

ဒီရန်ကုန်ကို ရောက်သည်မှာ တစ်နှစ်ခွဲကျော်ပြီ။ ဖေဖေ ပေးတဲ့ လိပ်စာကဒ်ကိုလည်း ဂရုတစိုက် မကြည့်မိ။သွားချင်လာချင်ရင် ကားဒရိုင်ဗာ ဉီးလေးကြီးကိုသာ အားကိုးရသည်။ ဒီနေ့တော့ ဉီးလေးကြီး နေမကောင်းတာနဲ့ ကိုယ့်ဘာသာ အငှားကား ငှားပြန်ခဲ့ရသည်။ တော်သေးရဲ့ လိပ်စာကဒ်က အလွယ်ပါလာပေလို့။ ခြံတခါးရှေ့မှာ ဟိုလျှောက် ဒီလျှောက် လုပ်နေရင်း ခုထိ ပေါ်မလာသေးတဲ့ ဟိုနှစ်ကောင်ကိုလည်း စိတ်မရှည် ဖြစ်နေမိသည်။

" ဟယ် တေးသွား ဘာလို့ အိမ်ထဲ ချက်ချင်းမဝင်သေးတာလဲ ကလေးရဲ့"

အနားရောက်လာပြီး ကားထဲမှ ခေါင်းထွက်ကာ မေးနေတဲ့ အမျိုးသမီးကို တစ်ချက်လှည့်ကြည့်ပြီး စိတ်ထဲ တက်ခေါက်လိုက်မိသည်။

" ခင်ဗျားနဲ့ ဘာဆိုင်လဲ"

ထိုမိန်းမဆီက ရယ်သံတစ်ချက်ထွက်လာပြီး
သူ့ကို ငေးကြည့်နေပြန်သည်။

ကျစ်....မုန်းသည် ။ထိုမိန်းမကို သူမှန်းသည်။ သူ့အပေါ် ဒီလိုပြုမှုတဲ့ အပြုမှုတွေကိုလည်း သူမှန်းသည်။ သူ့ကိုငေးကြည့်နေတဲ့ ထိုမိန်းမရှေ့မှာ ဆက်မရှိချင်တာကြောင့် အိမ်ထဲသို့ပဲ ဝင်လာလိုက်တော့သည်။ အပေါ်ထပ်ကို ရောက်မှ သူ့ဒေါသတွေကို အခန်းတံခါး အပေါ် ပုံချပစ်ကာ အကြမ်းပတမ်း ဖွင့်လိုက်သည်။ ရန်ကုန်မှာ ကျောင်းတက်ရတာကို သဘောခွေ့မိပေမဲ့ ဖေဖေ့ နောက်မိန်းမနဲ့ တစ်အိမ်ထဲ အတူနေရတာကိုတော့ သိပ်သဘောမကျ။ ထူးသက်ပိုင်တို့နဲ့အတူ ရန်ကုန်ကို ရောက်လာတော့ ဖေဖေက အပေါ်ထပ်ကို သူတို့ကို လုံးလုံးပေးသည်။ ကိစ္စမရှိ။ သူတို့က အပေါ်ထပ် သပ်သပ်နေပြီး ဖေဖေတို့က အောက်ထပ်မှာ နေကြသည်။ ထိုမိန်းမကြောင့်ပဲ ဖေဖေနဲ့ သူလည်း အေးဆေး စကားမပြောဖြစ်။တက္ကသိုလ် စတက်တဲ့ ပထမနှစ် တစ်နှစ်လုံး ဖေဖေ့ နောက်မိန်းမနဲ့ သူ ဘာပြဿနာမှ မရှိ။ သူကလည်း သူ့အကန့်နဲ့ သူနေသလို ထိုမိန်းမကလည်း တစ်ချက်တောင် လှည့်မကြည့်ဘူး။တစ်အိမ်ထဲမှာ အတူနေပေမဲ့ အကြည့်တစ်ချက်တောင် မဆုံကြတဲ့ သူစိမ်းတွေပေါ့။ ဒါကို ဖေဖေကလည်း နားလည်ပေးသည်။ သမီးဖြစ်သူနဲ့ နောက်အိမ်ထောင်ကို အဆင်ပြေဖို့ ဖေဖေ မကြိုးစား။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Tempat cerita menjadi hidup. Temukan sekarang