Part - 44

7K 478 34
                                    


Unicode

စိတ်ဟာ လေးပင်ပူပန်နေသည်လား ထိန့်လန့်နေသည်လား မပြောတတ်။ဒီမနက်ကတည်းက မော် စိတ်ဂဏာမငြိမ်။မတက်သာတော့တဲ့ဆုံး သွားလာချင်နေတဲ့ ခြေထောက်တွေကို စိတ်အလိုတိုင်း လိုက်ရတော့သည်။

" ဪ အန်တီမော် ပါလား အတော်ပဲ သက်မှုံ ကုမ္ပဏီသွားတော့မလို့ "

ကြည်ကြည်တို့ အိမ်ရှေ့ရောက်တော့ ခြံထဲက ထွက်လာတဲ့ သက်မှုံကားနဲ့ ထိပ်တိုက်တွေ့သည်။

" ဟုတ်တယ် သက်မှုံ ၊ ကြည်ကြည် သက်သာရဲ့လား "

" ညက အတော်အဖျားကြီးသွားတာ အန်တီမော်ရဲ့ မနက် လေးချက်တီး ခါနီးမှ အပူကျပြီး နိုးလာလို့ တော်သေးတယ် သက်မှုံလည်း တစ်ညလုံး မအိပ်ရပါဘူး တေးကိုရော ပြောပြလိုက်သေးလား "

" အင်း တေးက ညနေဘက် လာခဲ့ပါ့မယ်တဲ့ ကြည်ကြည့်ကို စောက်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ် သက်မှုံရယ် "

" စောက်ရှောက်ရမှာပေါ့ အန်တီမော်ရဲ့ မေခိုင် တစ်ခုခုဖြစ်သွားရင် တေးရဲ့ အန်တီလေးကြီး ဝမ်းနည်းပလက် ငိုနေမှ "

" ဟင် တေးရဲ့ အန်တီလေးက ဘယ်သူလဲ "

"ဟဲဟဲ ဟုတ် သွားပြီနော် "

ပြုံးစပ်စပ်နဲ့ ထွက်သွားတဲ့ သက်မှုံကို ကြောင်တောင်တောင်နဲ့ ရပ်ကြည့်နေပြီးမှ ကားထဲပြန်ဝင်ကာ ခြံထဲဝင်လာခဲ့ပြီး အိမ်ရှေ့မှာ ထိုးရပ်လိုက်သည်။

ကြည်ကြည့် အခန်းထဲဝင်လာတော့ ခုတင်ခေါင်းရင်းကို မှီကာ ပြတင်းပေါက်ကိုကျော်၍ အဝေးကိုငေးနေတာကို တွေ့ရသည်။

" ကြည်ကြည်...."

နွမ်းနယ်တဲ့ မျက်နှာလေးနဲ့ ကြည်လင်တော့ နေပါရဲ့။

" သက်သာရဲ့လား "

ခေါင်းလေး တစ်ချက် ငြိမ့်ပြတဲ့ ကြည်ကြည်က နွမ်းလှလှလေးနဲ့ ကျက်သရေ ရှိတာပဲ။မော့် မိန်းကလေးက ဘယ်လိုလိုနေ လှနေတာပဲကွယ်။လွန်ခဲ့တဲ့ နှစ်များဆီက စကားလေးတစ်ခွန်းက ပစ္စုပ္ပန် ဆီ အမှတ်တမဲ့ ရောက်လာပြီး နှလုံးသားကို ခံစားရိုက်ခတ်​စေသည်။တွေ့နေမြင်နေရတာတောင် ကြည်ကြည်ကို လွမ်းလာရပြန်သည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now