Unicodeအနီ လိုချင်တဲ့ ကလေးလေးဟာ တေးတို့နှစ်ယောက် ဘဝထဲကို ဝင်ရောက်လာတဲ့အခါ ဘဝက ပြည့်စုံနေပြီလို့ ဆိုချင်တယ်။မလိုအပ်တဲ့ အရာတစ်ချို့ ကို လျစ်လျူရှုထားရင်ပေါ့။
" တေး......ကလေးက ဘယ်နှလရှိပြီလဲ "
ကလေးကို ချီထားကာ မြူနေရင်း နွေးက မေးသည်။
" အခါလယ်ကျော် ပြီလို့ ပြောတာပဲ လေးဖက်သွားပြီ "
" ပေးပေး နွေး.....အူဝါး......ကလေးလေးက ဘာလို့မဲ့နေတာလဲ နို့ဆာလို့လား"
"အန့်..."
" ဟားဟား...... အတက်လေး"
နွေး ချီထားရာကနေ အနီက ကလေးကို လွှဲပြောင်းယူလိုက်သည်။တေးက လက်ထဲက နို့ဘူးကို လှုပ်ခါရင်း အနီ့ကို လှမ်းပေးပြီး ကလေးလေး ပါးကို အသာ ဖျစ်လိုက်သည်။
" ကလေးနာမည်ကရော"
" ခုထိ မရှိသေးဘူး.....သူ့အစ်ကိုက သူ့ညီမနဲ့ တူတယ်ဆိုပြီး ပူတူးလို့ ပေးထားတာတဲ့ "
" အင်း....ကလေးလေး လို့ပဲ ခေါ်တော့မှာလားဟ....တေး နာမည်ပါအောင်မည့် "
အနီက ကလေးလေးကို နို့ဘူးတိုက်နေရင်း တစိမ့်စိမ့် ကြည့်လို့မဆုံး။တေးက အနီနားမှာ ထိုင်နေရာမှ လှဲချလိုက်သည်။ခြေထောက်ကို အနီ့နောက်က ကျန်နေတဲ့ နေရာကို ဆန့်ထုတ်လိုက်သည်။
" အဲ့ဒါ မစဥ်းစားရသေးဘူး နွေး စနေသမီး အချေကြီးမှာ ...ဟားဟား...."
" တေးနရည်သွင် လို့ စဥ်းစားထားတယ်"
"လှတယ် မမနီ "
သက်မှုံက လက်ဖက်သုပ် ပန်းကန်ကိုင်ပြီး ထွက်လာရင်း ပြောသည်။
" နရီက ဘယ်လိုလဲ လုံးဆံခတ် ရီလား နီနီ "
" မဟုတ်ဘူး ည သတ်လေ စည်းဝါးနရည်လေကွာ အင်္ဂလိပ်လိုဆို rhythm ပေါ့ " ***
" အာ.... တကယ်လှတယ် မမနီ ၊ တေးသွားရဲ့ သမီး တေးနရည် လိုက်ဖက်နေချက် ၊တေးက ဘာဖြစ်နေတာလဲ မကြိုက်ဘူးလား"
ကလေးရဲ့ နာမည်မှာ အနီ့နာမည်မပါလို့ တေး မှုန်ကုပ်နေသည်။
" အင်း အနီ့နာမည်ကျ မပါဘူးလေ"
YOU ARE READING
ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)