" ရိုးရိုးလေးသာ ဝတ်ခဲ့ပါလေ အေးမြလို့....ကျင်လည်ရာ လူ့လောကမှာ အပူမီးနဲ့ အတူ
လုပ်ရှား ရုန်းကန် ဟန်လုပ်ပြုံးရခြင်းတွေစွန့်ပစ်ခဲ့တယ် သွားကြမယ်လေ ဘုရားဖူးစို့.....
မောင်မယ်အတူ တောင်ဘက်မုခ်က လှေကားထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့....."
အိမ်ရှေ့က ဒန်းလေးပေါ်မှာ ဂီတာလက်ကို တီးခတ်ရင်း သီဆိုနေတဲ့ တေးသွား စိတ်ဟာ ဟိုလွင့်ဒီပျံနှင့် ။ တစ်စုံတစ်ယောက်ကို တမ်းတမိနေသလိုလို လွမ်းဆွတ်နေသလိုလိုနှင့် ။
ချက်ချင်းဆိုသလို ဂီတာလက်ကွက်ပြောင်းပြီး သံစဥ်တွေပါ ခြားနားကာ နောက်တစ်ပုဒ်ရောက်သွားပြန်သည်။
" တကယ်လို့များ....မင်းအပြုံးလေးများ မရှိရင် ဘယ်ပွင့်မလဲ ပန်းလေးတွေ....
အလှကင်းမဲ့ လောကအလယ် ကိုယ်ဘယ်လိုနေရမလဲ......
တကယ်လို့များ အိမ်မက်လေးများထဲမှာ ဆုံဆည်းခွင့် မရှိခဲ့ရင် ...ကိုယ် အိပ်စက်မဲ့ညတွေ...ကိုယ်ဘယ်လို ကုန်ဆုံးမလဲ...."
သက်ပျင်းတစ်ချက် မှုတ်ထုတ်ကာ လက်တွေကို ရပ်တန့်လိုက်ပြန်သည်။ အနီ့ကို လွမ်းနေတဲ့ အချိန်မှာ သီချင်းလေးတွေတောင် သူ့ကို မနှစ်သိမ့်ပေးနိုင်။ သေချာပါတယ် သဘောကျရတဲ့ ဒီသံစဥ်လေးထက် အနီ့ကို ပိုမြတ်နိုးနေမိတယ် ဆိုတာ။
လက်တွေက ဂီတာကြိုးမျှင်တွေကို ခပ်သာသာဖိထားဆဲ။ အနီ့ကို လွမ်းတဲ့ စိတ်တွေက သီချင်း တစ်ပုဒ်ကိုတောင် ကောင်းကောင်း မခံစားနိုင် ။
" အချိန်တွေက အရမ်းနှေးနေလား....
သူနဲ့ အလှမ်းဝေးလွန်းတဲ့ နေ့ရက်တွေမှာ...
YOU ARE READING
ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)