Part - 26

6.1K 452 16
                                    


Unicode

မနက်မိုးမလင်းခင်ကတည်းက အစောကြီးနိုးပြီး တစ်ယောက်တည်း စိတ်လှုပ်ရှားနေသူ တေးသွားသွင် ခမျာ ရေပဲ ထချိုးရတော့မလိုလို ဘုရားပဲ ထိုင်ရှိခိုးရတော့မလိုလို တကယ်ဂနာမငြိမ်။ လူကြီးတွေတွေ့ပြီး စကားပြောရုံလေးပဲဟာ ဘာတွေ ဖြစ်နေမှန်း မသိ။ အဆင်ပြေသွားရင်လည်း ဆိုပြီး စိတ်ကူးကြည့်မိတော့ ပါးတွေပူရှိန်းလာပြီး ရှက်သွေးဖြာလာပြန်သည်။ ဪ...... တကယ် ဒီစိတ်နဲ့တော့ ရူးတော့မှာပဲ ။

" ရော မမနီတို့က ရောက်တောင် ရောက်နေကြပြီပဲ "

လူကြီးနဲ့ တွေ့မှာမို့ တေးတော့ မြန်မာဝတ်စုံပင် ဝတ်လာခဲ့သည်။

အိမ် မှာ မဟုတ်ဘဲ တစ်နေရာမှာ တွေ့ကြမည် ဆိုတာနဲ့ နွေးက ဟိုတယ် တစ်ခုမှာ စီစဥ်ပေးသည်။ နွေးက တကယ်ကျေးဇူးတင်ဖို့ ကောင်းပါသည်။ နေရာက ဟိုတယ်ရဲ့ အပေါ်ထပ် ကဖေးဖွင့်ထားတဲ့ နေရာ ။ လူသူရှင်းကာ စကားပြောလို့ ကောင်းတဲ့ နေရာပင်။ ဝန်ထမ်း တစ်ယောက်က မီနူးလာပေးတော့ တေးနဲ့ အနီက ကော်ဖီတစ်ခွက်ဆီ အတူတူ မှာလိုက်မိတာမို့ ပြုံးလိုက်ကြသည်။ မေမေနဲ့ အန်တီ ကတော့ ကြည့်နေရဲ့လား မသိ။ သက်ပိုင်နဲ့ သက်မှုံကတော့ အပေါ်ထိ လိုက်မလာကြ။

" သမီးရဲ့ ချစ်သူဆိုတော့ ကြည်ကြည်ခိုင်ရဲ့ သမီး ဖြစ်နေတာကိုး "

အန်တီက စကားစလာသည်။ အန်တီအသံက မပျော့မပြောင်းဘဲ နည်းနည်း မာချင်ပုံ။

" ကျွန်မလည်း ဒီရောက်မှ သိတယ် ကမာနီက မယုနွယ်ဇော် သမီးဖြစ်မှန်း "

မေမေ့ရဲ့ စကားသံကလည်း ပျော့ပျောင်းခြင်း အလျဥ်း မရှိ။

" ငါ့ သမီးမှန်း ကြိုပြီး သိခဲ့ရင် သဘောမတူဘူးဆိုတဲ့ သဘောပေါ့ "

" အဲ့လိုဖြစ်သွားနိုင်တာပဲ အဲ့ဒီထက်ဆိုးဆိုးလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ် မယုနွယ်ဇော် "

မေမေနဲ့ အန်တီ ပြောနေတဲ့ စကားတွေကို တေး နဲ့ ကမာနီ ဘာမှနားမလည်ဘဲ တွေဝေစွာ ကြည့်လိုက်မိကြသည်။

" ဒါဆိုလည်း နောက်မကျသေးပါဘူး ခုထပြန်လို့ရနိုင်တာပဲ "

" မာမီ "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Tempat cerita menjadi hidup. Temukan sekarang