Part - 42

7.3K 468 27
                                    


Unicode

တေးနဲ့ မတွေ့ရတာ တစ်ပတ်ကျော်ပြီလို့ တွေးနေတုန်း သူ့အခန်းထဲ မန်နေဂျာကောင်မလေး ဝင်လာသည်။

" မမရေ မမလူ ရောက်နေတယ် "

ကောင်မလေးက လာပြောတော့ နည်းနည်းတော့ ကြောင်သွားသည်။လုပ်လက်စတွေ သိမ်းပြီး ထွက်လာတော့ သူ့ကိုရပ်စောင့်နေတဲ့ တေးကိုတွေ့ရသည်။မမျှောိလင့်ဘဲ တွေ့ရသည်က တစ်ကြောင်း လွမ်းနေရသည်က တစ်​ကြောင်းမို့ ဟန်တောင်မဆောင်နိုင်ဘဲ အပြေးဖက်မိသည်။

" အချိန်အားလား "

" မအားလည်း အားလိုက်ပြီ "

" ချစ်လိုက်တာ "

သူမ ထင်နေတာက တေးက တစ်နေရာရာခေါ်သွားမယ် ထင်နေတာ ။အိမ်ကိုရောက်လာတာပဲ ။

" အနီ နေ့လည်စာ စားပြီးပြီလား "

" မစားရသေးဘူး မောင်ရဲ့ "

" တော်သေးတာပေါ့ မောင်လည်း မစားရသေးဘူး"

နေ့လည်စာကို နှစ်ယောက်အတူတူ အိမ်မှာစားလိုက်ကြသည်။ကျန်ရှိတဲ့အချိန်လေးကို အိမ်မှာပဲ အချိန်ဖြုန်းလိုက်သည်။တေးက ဂီတာလည်း မတီး သီချင်းလည်း သီချင်းလည်း ဆိုမပြ။သူမကိုသာ ရင်ခွင်ထဲမှာ ပွေ့ဖက်ထားသည်။ကမာနီလည်း တေး ရဲ့ရင်ခွင်ထဲမှာသာ ငြိမ်နေပြီး ဘာစကားမှမပြောဖြစ်။တေးကလည်း ဘာမှပြောမလာ။စားပွဲပေါ်မှာတော့ ဖုန်းနဲ့ဖွင့်ထားတဲ့ အချစ်သီချင်းလေးတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်ကာဆက်ကာလာနေသည်။လှဲနေရင်းမှ တစ်ခါတစ်ခါ စိတ်မထင်ရင် မထင်သလို တေးက ကြမ်းကြမ်းတမ်းတမ်း လာနမ်းတတ်သည်။အချိန်တွေကုန်သွားမှာ ကြောက်သည်။နေဝင်သွားမှာ ကြောက်သည်။တေးရဲ့ ရင်ခွင်ထဲက ထွက်ရမှာကြောက်သည်။တေးနဲ့ ပတ်သက်ရင် အကြောက်တရားတွေ များလှသည်။

" သမီးလေး မူကြိုဆင်းတော့မယ် အနီ "

အချိန်တွေ အကြာကြီး ဘာစကားမှမှမပြောဘဲ ထွေးဖက်ထားပေမဲ့ ဒီနွေးထွေးမှုကို ကမာနီ လက်မလွှတ်ချင်သေး။တေး စိတ်မကောင်းမှာစိုး၍ အားတင်း၍သာ ပြုံးပြလိုက်သည်။

" မောင်ပြန်တော့မှာပေါ့နော် "

" သမီးလေးကို သွားကြိုမလို့ သွားမယ်လေ "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Donde viven las historias. Descúbrelo ahora