Part - 45

7.4K 453 35
                                    


Unicode

" ဘာလို့ အဲ့လောက်ကြည့်နေရတာလဲ "

ကြက်စွပ်ပြုတ်ရည်လေးကို သောက်လိုက် စည်းနှောင်ထားခြင်း မရှိတဲ့ ဆံနွယ်တွေကို နားသယ် နောက်ဆီသပ်တင်လိုက်နဲ့  အလုပ်ရှုပ်နေတဲ့ ကြည်ကြည့်ကို မော် ငေးကြည့်နေတော့ ကြည်ကြည်က မနေတတ်ဖြစ်ကာ မော့်ကို ငြိုငြင်စွာ ဆူလိုက်သည်။

" လှလို့ပေါ့ ကြည်ကြည်ခိုင်က ဘာလို့ဒီလောက် လှရက်နိုင်ရတာလဲ "

" ဒါတော့ ရှင်က ချစ်တဲ့မျက်စိနဲ့ ကြည့်တာကိုး "

မော် ပြုံးလိုက်မိသည်။ကြည်ကြည်နဲ့ အတူရှိနေရသည် ဆိုတာ ခုထိမယုံနိုင်သေး။ ကြည်ကြည့်ကို တစ်ဖန်ပြန် ချစ်ခွင့် ရနေတယ်ဆိုတာကကို ပိုပြီးမယုံနိုင်စရာ ကောင်းသေးသည်။ 

" ခုချိန်ထိ မယုံနိုင်သေးဘူး ကြည်ရယ် အိမ်မက်တော့ မဟုတ်ပါဘူးနော် အချိန်တွေက လျှပ်တပြက် ဆန်လွန်းလှတယ် "

မော့်စကားကို ကြည်က မျက်ခုံးလေး တစ်ဖက်မြှင့်ကာ တဖက်နိမ့်ပြပြီး အနားတိုးလာသည်။မော့်မှာ သဘောကျ၍သာ ရယ်လိုက်မိရဲ့။

" အိမ်မက် ဟုတ် မဟုတ် ရှင်သိပြီးပြီပဲ "

အနားရောက်လာတော့ ကြည်က နား အနားကပ်ကာ ခပ်တိုးတိုးဆိုလာသည်။မော့်မှာ ရင်တွေခုန်လာပြီး တစ်ကိုယ်လုံး ပူရှိန်းလာကာ အသက်တောင်မရှုမိ။ကြည် ကတော့ ဘယ်အချိန်က ထသွားရယ်မသိ။သတိထားမိတဲ့ အချိန်မှာ အနားမှာ မရှိတော့။

ထမင်းစားခန်းထဲ လိုက်သွားမိတော့ ကြည်က သောက်ထားတဲ့ ကြက်စွပ်ပြုတ်ရည် ပန်းကန်နဲ့ သူယူလာတဲ့ ကြွေချိုင့်ကို ဆေးနေသည်။ အိမ်နေရင်းမို့ ဂါဝန်ရှည်ရှည် ဝတ်ထားပြီး စည်းနှောင်မထားတဲ့ ကြည့် ဆံပင်တွေက တင်ပါးအောက်ထိရှည်လှသည်။ အဲ့ဒီ နက်မှောင်လှတဲ့ ဆံနွယ်တွေပေါ့။ ဟိုတုန်းက အကြိမ်ကြိမ် နမ်းရှိုက်ခဲ့ဖူးတဲ့ ဒီဆံနွယ်တွေကို အခုအချိန်မှာ တစ်ဖန်ပြန်နမ်းခွင့်ရနေပြီ။ ခန္ဓာကိုယ် ပြည့်ပြည့်လေးက နောက်ကကြည့်နေရင်းနဲ့ကို ပွေ့ဖက်ချင်စရာ။ ပန်းကန်ဆေးနေတာ မပြီးသေးတဲ့ ကြည့်အနားသွားကာ အနောက်ကနေ ဖက်ထားမိလိုက်သည်။သူ့ထက် အရပ်နိမ့်တဲ့ ကြည်က ရင်ခွင်ထဲ အံကျဝင်သွားသည်။ ဟိုတုန်းကဆို ဒီခန္ဓာကိုယ်သေးသေးလေးက ရင်ခွင်ထဲ မြှပ်နေတာ သိပ်ပြီးအသည်းယားဖို့ကောင်း။ အခုလို ပြည်ပြည့်လေးကလည်း မြတ်နိုးဖွယ်ရာ အတိပါပဲလေ။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now