Part - 10

7.3K 527 8
                                    

နံနပ်ခင်း ကောင်းကင်ဟာ အုံ့မှိုင်းနေပေမဲ့ မရွာပေ။ အနည်းငယ် နေမြင့်လာတော့ နေရောင်လေး ရတာမို့ သက်မှုံရဲ့ မွေးနေ့မှာ ဘုရားသွားဖြစ်ကြသည်။ သူတို့သုံးယောက်နှင့် ဒေါ်ဒေါ်အေးရော မချစ်ငယ်ပါ ပါကြသည်။ လိုက်ပို့သူကတော့ တေးသွား ချစ်ရတဲ့ ဖေဖေ့ ဦးလေး ဘ​​သက်ပင်။ညစာကိုတော့ သုံးယောက်သား ကိုယ်တိုင်ချက်ပြီး ညစာ စားပွဲကို စုံလင်အောင် စီစဥ်ဖို့ အတွက် ချက်ပြုတ်နေကြသည်။

" ဪ သက်မှုံ သက်မှုံ ၁၈ နှစ်ပြည့်ခဲ့ပြီပေါ့လေ.... "

သက်ပိုင်က ကြက်သွန်ဖြူ လွှာရင်းကနေ ရေရွတ်တော့ တေးသွားရော သက်မှုံပါ ပြုံးလိုက်မိကြသည်။

မကြာပါဘူး တေးသွားက အရွှတ်နောက်လေတော့သည်။ ဟင်းချိုရေအိုးကို မွှေနေရင်းကနေ ။

" သမီးလေး တစ်ယောက် အရွယ်ရောက် လင်ပေးစားဖို့ စိတ်ကူးပေါက် ရွှေသမက်တော်ဖို့ စိတ်ကူးလိုက်ရင် ခေါင်းတွေထဲမှာ မူးနောက်...."

တေးသွားက သူ့ဟာသူ သဘောကျပြီး ရယ်နေပြန်သည်။ဒီနေ့တော့ အတော်အူမြူးနေကြရဲ့။

" ဟဲ့ မြည်းကြည့်ဦး "

သက်မှုံက သူချက်နေတဲ့ ​ကြက်သားဟင်းကို တစ်ဇွန်းခပ်ပြီး တေးသွားကို ခွံ့ကာ မြည်းခိုင်းသည်။

" ဟ လေး သွားပြီ "

" ဟယ် ဘယ်လိုလုပ်ရမလဲ "

တေးသွားရော သက်မှုံပါ ဘာလုပ်ရမလဲဟု သက်ပိုင်ကို လှမ်းကြည့်ကြသည်။

" ဆရာစားတော့ ချန်မချက်ဘူး
အလေးပေါ့အောင် အချိုထည့်ကြည့်ပါလား ကြက်သားမှုန့် ဖြစ်ဖြစ်ထည့် "

သက်မှုံက မျက်ခုံးနှစ်ခု တွန့်ချိုးလိုက်ပြီး

" ကြက်သားမှုန့်က အရည်​သောက်ထဲ အကုန်ထည့်လိုက်ပြီ "

" အင်း ထညက်ထည့်ပါလား ဥပဒ်လည်း မဖြစ်ဘူးလေ"

လက်မြန်ခြေမြန် နိုင်သော တေးသွားက ထညက် လေးငါးလုံးလောက် လောက်ထည့်ကာ မွှေလိုက်သည်။

"ကြက်သား အချိုချက်လေး အနံ့ကိုမွှေးနေတာပဲ "

သက်မှုံက ဟင်းအိုး မွှေရင်း ပြောလိုက်သည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now