Part - 47 (Final Part)

13.6K 512 55
                                    


Unicode

ငှက်ကလေးတွေဟာ လေအစုန်မှာ ပျံဝဲလိုက် လေဆန်ကို ထိုးတက်လိုက်ကြနဲ့ သူ့တို့သဘာဝ လောကမှာ သူ့တို့ဘဝနဲ့ သူတို့ ပျော်နေဟန်ရှိကြသည်။တိမ်စိုင်တွေကြားက နေရောင်ဖျော့ဖျော့လေးဟာ သစ်ရွက်အကြိုအကြားကို ဖြတ်ပြီး သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ပတ်ဝန်းကျင်မှာ ဝုန်းဆန်နေတဲ့ ရေကျသံတွေဟာ သာယာစွာပဲ ဆူညံနေပြန်တယ်။ကျေးငှက်သာရက အသံတွေကလည်း ငြိမ့်ညောင်းစွာနဲ့။ရေကျသံတွေနဲ့ ကျေးငှက်အသံတွေသာ ဒီဝန်းကျင်မှာ စိုးမိုးလျက်။သစ်ပင်အောက်မှာ ထိုင်နေရာကနေ ပတ်ဝန်းကျင်ကို စူးစမ်းဖို့ သူ ထရပ်လိုက်သည်။ မြင်မြင်သမျှဟာ သစ်ပင်တွေသာ ရှိပြီး တောအုပ်ငယ်တစ်ခုလို့ ထင်မှတ်မိတယ်။တူရူအရပ်မှာတော့ ကုန်းမြင့်လေးတစ်ခုရှိသည်။ထိုကုန်းမြင့်လေးဆီသို့ တေး လျှောက်သွားလိုက်သည်။ကုန်းမြင့်ပေါ်က သစ်ပင်ကြီးတွေကြားမှာ ဖြတ်လျှောက်လာပြီးနောက် ကုန်းမြေဟာ ဆင်ခြေလျှော နိမ့်နိမ့်လေးနဲ့ အဆုံးသတ်သွားသည်။မျက်စိရှေ့မှာ လှော်တက်တစ်ခုပါတဲ့ လှေတစ်စီးနဲ့အတူ ကျယ်ဝန်းသည့် ရေပြင်ရှိသည့် ချောင်းတစ်ခုကို တွေ့ရသည်။လှေဟာ ကုန်းမှာစိုက်ထားတဲ့ငုတ်မှာ ကြိုးချည်ထားပြီး လူတော့မရှိ။ရပ်နေရာကနေပဲ တေး ဘေးကိုလှည့်ကြည့်တော့ ခပ်ဝေးဝေးမှာ ရေတွေဟာ အလွန်တရာမြင့်တဲ့ တောင်စောက်တစ်ခုပေါ်ကနေ အလုအယှက် ကျဆင်းနေကြသည်။စောစောက ရေကျသံတွေဟာ အဲ့ဒီက ထွက်ပေါ်လာတာပဲ ဖြစ်ရမယ်။ဒီချောင်းရေတွေဟာလည်း အဲ့ဒီတောင်ပေါ်က ကျဆင်းလာတဲ့ ရေတွေပင်ဖြစ်သည်။

ပတ်ဝန်းကျင်မှာ လူဆိုလို့ သူတစ်ယောက်သာ ရှိပြီး သဘာဝတရားရဲ့ အသံတွေသာ ဝန်းကျင်ကိုအုပ်စိုးလျက်။သူ ဘယ်ကိုရောက်နေတာလဲ တေး မသိ။ဒါကရော ဘယ်နေရာလဲ။လေပြေလေး တစ်ချက်ဟာ သူ့ကိုဖြတ်တိုက်ပြီး ချောင်းရေပြင်ကို လျှောက်နင်းလိုက်တော့ ငြိမ့်ငြိမ့်လေး စီးဆင်းနေတဲ့ရေဟာ လှိုင်းကလေးတွေ ထသွားသည်။အရာရာဟာ လှပနေသလောက် သူ့ဘယ်ဘက်ရင်ကတော့ အတော်နာကျင်နေသည်။သက်ပျင်းငွေ့ငွေ့လေး တစ်ချက် သူ့ထံက ထွက်သွားသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now