အပိုင်း(၁).uni

2.4K 74 1
                                    

uni

ဦးရဲ့သဲငယ်❤️အပိုင်း(၁)❤️

" ကျစ် နောက်ကျနေပြီကွာ "

မနက်မိုးလင်းတိုင်းတိုင်းကြားနေရသေးရိပေါ်ရဲ့စိတ်ပျက်လက်ပျက်ညည်းသံ။

ညကျရင်တော့ညည့်နက်တဲ့ထိဂိမ်းတွေဆော့
မနက်နိုးရင်အမြဲကျောင်းနောက်ကျသည်လေ။

အခုနိုးနိုးချင်းရေးချိုးခန်းထဲပြာတိပြာယာပြေးဝင်သွားလေရဲ့။

နေ့စဉ်ဖြစ်နေကျအရာပါကျောင်းနောက်ကျတာကတော့

ရိပေါ်ရေးချိုးပြီးမြန်မြန်သွက်သွက်ပင်အဝတ်စားတွေဝတ်ပြီး လွယ်အိတ်ထဲစာအုပ်တွေထည့်နေတုန်း။

တီးးးးးတီးးးးးတီးးးး

ရုတ်တရပ်ထမြည်လာသောဖုန်စကြောင့်အနည်းငယ်လန့်သွားရသည်။

ဖုန်းကိုကြည့်လိုက်တော့သေချာပေါက် လဒ ကျင်းရီဆီကပင်။

" ပြော"

" မင်းမလာသေးဘူးလား "

" လခွမ်းး အဲ့ဒါမေးဖို့ဆက်တာလား အချိန်ကုန်တယ်
ဒါဘဲ "

ရိပေါ်သူ့ကိုလန့်အောင်လုပ်တာမို့မနက်စာပင်မစားရသေးဘဲ ဦးစွာဆဲမိနေပြီလေ။

မြန်မြန်သွက်သွက်ပြင်ဆင်ပြီးကျောင်းသို့ဒုန်းဆိုင်းပြေးခဲ့ရတော့သည်။

ရိပေါ်နေတဲ့အိမ်နဲ့ကျောင်းနဲ့ကသိတ်မဝေးတာမို့
ဆိုင်ကယ်မယူခဲ့ခြင်းပင်။

သူကကျောင်းကိုလွတ်လွတ်လပ်လပ်တက်ချင်တာမို့
မိဘတွေနဲ့ခွဲနေခြင်းဖြစ်သည်။

တမြို့ထဲဆိုပေမဲ့သူကတစ်ယောက်ထဲနေချင်သည်တဲ့လေထို့သို့နေရဖို့ကိုလဲ။

သူမားဆီမှာတစ်နှစ်လောက်အပူကပ်ခဲ့ရတယ်။

သူကျောင်းကိုရောက်တော့ကျောင်းတက်ဖို့၂မိနစ်သာလိုတော့၍။

အတန်းထဲသိုဆရာ မရောက်ခင်သူအရင်ရောက်အောင်။

အမောပင်မဖြေရသေးတန်းပြေးလာရတော့သည်။

" ဟူးးးးဟဲ မောတာ "

အတန်းထဲလဲရောက်ရော လူလဲအမောဆို့နေပြီလေ။

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Where stories live. Discover now