အပိုင်း(၁၈)..uni

491 26 0
                                    

သျှင်ခေတ်သစ်တစ်ယောက် မေရီအားမြင်ပြီး  ဂါဝန်ကြီးမကာ  ဖရိုဖရဲဖြစ်နေတော့သည်လေ။

" မင်း  သျှင်ခေတ်သစ်မို့လား "

" ဟီးး  မ "

ငခေတ်တို့်မျက်နှာချိုသွေးရပြီလေ။

တကယ်တော့  မေရီကသျှင်ခေတ်သစ်ရဲ့crushကြီးလေ  ဟိုမှာထဲက  အဲ့မမကိုသူလိုက်ခဲ့ရတာ။

နောက်တော့  မကဒီကမှန်းသိခဲ့ရတာ ခုတော့ဒီအချိန်ကြမှ  ဒဲ့ကြီးကို လာတွေ့ရတယ်လို့။

သေလိုက်တော့ငခေတ်ရေး  မင်းရဲ့ခုဟိုမရောက်ဒီမရောက်ပုံစံကြီးမမြင်သွားပြီ  ဒီတစ်သက်တော့မစီကအဖြေရပါတော့မလားမသိတော့ဘူး။

" ငခေတ်နဲ့ဒီမမကသိနေတာလား "

" ဟုတ်တယ် ကလေးရဲ့  ဟိုမှာကထဲကခင်တာလေ "

" အော် "

ရိပေါ်  ငခေတ်ကိုကြည့်လိုက်တော့  မျက်နှာကြီးကဘီလူးသံပုရာသီးကျွေးထားတဲ့ရုပ်ကြီးလိုဘဲ  ရှုံ့မဲ့နေရော။

သူငခေတ်ပုခုံးကိုသွားပုတ်လိုက်ပြီး။

" ဘာ  ဘာဖြစ်နေ တာလဲ "

ရိပေါ်ထပ်မေးမလို့  ရှေ့တစ်လှမ်းတိုးလိုက်ရုံရှိသေး  ဦးကသူ့လက်ကိုဆောင့်ဆွဲကာ  အခန်းပြင်သို့ခေါ်လာခဲ့တာမို့  သူ့မှာဖရိုဖရဲသာပါသွားရတော့သည်။

ကျန်ခဲ့တဲ့သျှင်ခေတ်သစ်မှာတော့  သူများမကောင်းကြံကိုယ့်ဘေးရန်တွေ့ဆိုသလိုဘဲ ရိပေါ်ကိုယုတ်မာမလို့ခုတော့ သူပစ်လိုက်တဲ့ခဲကသူ့စီကိုတည့်တည့်ကြီးဝင်မှန်ပြီလေ။

" ဟီးး ဟို မ "

" ဟမ်  အော်  အင်း  ပြောလေ "

မေရီတစ်ယောက် ဒေါသတကြီးနဲ့ကလေးလက်ကိုဆွဲကာ ထွက်သွားတဲ့ရှောင်ကျန့်ကိုသာကြည့်နေတာမို့  သျှင်ခေတ်သစ်ခေါ်တာကိုပင်ကယောင်ကတမ်းထူးလိုက်မိသည်လေ။

" မ  ကျွန်တော့လေ "

" အွန်း  ပြောလေ "

" ဟို  ဒီ   ဒီလိုဝတ်ထားတာကလေ "

" အွန်းဘာဖြစ်လို့လဲ  မင်းနဲ့လိုက်နေတာကို  ခုလိုကြတော့လဲလှနေပြန်ရော  အဟင်း "

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Tempat cerita menjadi hidup. Temukan sekarang