" ကျွန်တော့်ကိုအော်ရအောင် ခင်ဗျားကို ခင်ဗျား ဘာထင်နေတာလဲ ဉီးရှောင်ကျန့် "
" ဟို ကိုယ်တောင်းပန်ပါတယ် သဲငယ်ရယ်နော် တကယ်တောင်းပန်ပါတယ် "
နှစ်ရက်လောက် အဆက်သွယ်ဖြတ်ထားပြီး သူ့ကိုစိတ်ဆိုးနေသော သဲငယ်ကြောင့်ရှောင်ကျန့်မှာမျောက်မီးခဲကိုင်မိသလို ထိုင်မရထမရ။
သျှင်ခေတ်သစ်တို့ကို အကူညီတောင်းကာ အပြင်သို့ခေါ်ထုတ်ခဲ့ကာ ယခုဆို သဲငယ်ကသူ့အိမ်မှာရောက်လို့နေသည်....ရောက်ပါပြီဆိုကထဲက ဒေါသတကြီး ပြောနေတာ နေ့တပိုင်းပင်ရောက်လုလု အခုထိလဲဒေါသနည်းနည်းမှပြေဟန်မပြ တောင်းပန်ရတာလဲ အာခေါင်တွေပင်ခြောက်လို့ ရေဆာပေမဲ့လဲ ထပြီးမသောက်ရဲပါ သူသဲငယ်ကိုကြောက်နေရပါတယ်...။
" မေးတာဘဲဖြေစမ်းပါ ခင်ဗျားကို ခင်ဗျားဘာထင်နေတာလဲ "
" ကိုယ် ကိုယ်ကသဲငယ်ရဲ့ယောင်္ကျားလေ.. "
" ယောင်္ကျား ဟုတ်ပြီ ယောင်္ကျားဆိုတိုင်း အော်ချင်သလိုအော်တယ်ပေါ့ ဟုတ်လား နေစမ်းပါဉီး ကျွန်တော်ပြောလိုက်တဲ့ထဲ ဘာတွေများအော်စရာပါနေလို့လဲ ပြောစမ်းပါ "
" မဟုတ်ပါဘူး သဲငယ်ရယ် ကိုယ်ကရုပ်တရပ်မို့ပါ ပြီးတော့ အဲ့နေ့ကသဲငယ်မေးလိုက်တာကလဲ ဟို "
" ဘာဖြစ်လဲမေးတော့ ကျွန်တော်မေးတာမှားလို့လား အဲ့ဒါကျဲမေရီရဲ့ပါးဘဲလေ ဘာဖြစ်ချင်လဲမေးတော့!!!!ပြောလေ!!!!ဘာဖြစ်ချင်လဲလို့!!!!! "
ဒေါသတကြီသူ့အား စူးစိုက်ကြည့်ကာ မေးနေတဲ့သဲငယ်က တကယ်စိတ်ကြီးလွန်းတယ် ဒေါသထွက်လွန်းလို့ တကိုယ်လုံးလဲတုန်ဆက်လို့ သူအဲ့လောက်ဖြစ်လိမ့်မယ်လိုထင်မထားမိခဲ့တာအမှန်ပင် သူထင်ထားတာထက်ကိုသဲငယ်က စိတ်ကြီးလွန်းတာဘဲ....။
" ဘာမှမဖြစ်ချင်ပါဘူး "
ခပ်တိုးတိုးသူရဲ့တုံ့ပြန်စကားကို သဲငယ်က ခနဲ့တဲ့တဲ့ ရယ်ရင်း....။
" အော်လေ အော်လိုက်စမ်းပါ အဲ့နေ့က လူအများရှေ့မှာအော်သလိုလေးတစ်ခေါက်လောက်ပြန်အော်ပေးလိုက်စမ်းပါ ထပ်ပြီးနားထောင်ချင်လွန်းလို့ "
YOU ARE READING
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanfictionတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..