အပိုင်း(၆)..uni

726 37 0
                                    

❤️ဦးရဲ့သဲငယ်❤️အပိုင်း(၆)❤️

" ရောက်ပြီ "

" သိပါတယ် "

" မျက်နှာကိုက ဘာမှန်းမသိဘူး ပြောင်စပ်စပ်နဲ့ "

ရိပေါ်ကရှောင်ကျန့်မကြားအောင်တိုးတိုးလေးပြောလိုက်ပေမဲ့၊သူရဲ့မျက်နှာကိုသာအရိပ်တကြည့်ကြည်  ကြည့်နေတဲ့လူကြီးကကြားဖြစ်အောင်ကြားသွားတယ်လေ။

" အဲ့ဒါ ချာတိတ်ကြောင့် "

" ဟွန်  ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး "

" ဟုတ်တယ်  ချာတိတ်ကြောင့်အကုန်ပြောင်းလဲကုန်တာ "

ထိုလူကြီးဘယ်ကိုဦးတည်နေတယ်ဆိုတာသူသိတ်သိတာပေါ့။

" စကားများလိုက်တာ  ဖယ် ဆင်းတော့မယ် "

" ဟီးး မဆင်းစေချင်တော့ဘူး အိမ်ကိုတစ်ခါထဲခေါ်သွားချင်တာ "

" ဆုတောင်းနေအဲ့မှာ "

မဲ့ကာရွဲကာနဲ့ပြောပြီးကားပေါ်ကဆင်းသွားတဲ့ချာတိတ်ကိုကြည့်ကာရှောင်ကျန့်မှာတော့အသဲတယားယား။

" ကလေးစုတ်လေ အသဲယားလိုက်တာကွာ လူကိုမနေနိုင်မထိုင်နိုင်ဖြစ်အောင်လုပ်တာ အဲ့ကလေးစုတ်လေးဘဲ "

ကားထဲကလူပျိုကြီးတစ်ယောက်ရန်ခုန်လွန်းလို့ရင်ဘတ်လေးကိုဖိပြီးခနလေးငြိမ်ပြီးမှ ကားလေးကိုမောင်းထွက်သွားခဲ့တော့သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ရိပေါ်အိမ်ထဲဝင်လာလာချင်း။

" သား အလုပ်မှာအဆင်ပြေလားဟင် "

ရိပေါ်လဲတစ်ပေါ်ထဲရှိတယ်ဘယ်ရမလဲ
မားရှေ့သွားပြီးမျက်နှာငယ်လေးနှင့်အလွန်သနားစရာရုပ်ကလေးလုပ်ပြီး။

" မပြေဘူးသိလား  အဲ့လူကြီးးကလေသားကိုဆူတယ်
ပြီးတောနားမလည်တာတွေလဲသင်မပေးဘူး အလုပ်တွေလဲအများကြီးခိုင်းတယ် ဟင့်  ဟင့် "

" ဟုတ်လို့လားသားရယ်  သားပါးပြောတာတော့ ရှောင်သူဌေးက သဘောကောင်းပါတယ်တဲ့  ပြီးတော့အလုပ်လဲအရမ်းကြိုးစားတာတဲ့သိလား "

" အဲ့ဒါပါးတို့ရှေ့မို့တမင်လုပ်ပြတာနေမှာပေါ့ တကယ်တော့အဲ့လူကြီးကမကောင်းဘူး မား  ပါးကိုကူပြောပေးပါဗျာ  နော်  အဲ့မှာမလုပ်ချင်တော့ဘူး "

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ