" ဟင့် အင့် ဟင်းးး "
ရိပေါ်တစ်ယောက်နာကျင်မှုတွေနဲ့အတူ နိုးထလာခဲ့ရကာ အောက်ပိုင်းတစ်ခုလုံး လှုတ်လိုက်တာနဲ့တင် စူးတက်ပြီးအောင့်လာတယ်။
နာကျင်မှုတို့ကိုအံကြိတ်ခံရင်း ထထိုင်လိုက်ကာ ဘေးဘီသို့ဝေ့ဝဲကြည့်လိုက်တော့..
ကျဲတို့အိမ်မဟုတ်တော့မှန်းသိလိုက်ရသည်။ကျဲတို့အိမ်မဟုတ်သလိုသူ့အိမ်လဲဟုတ်မနေခဲ့ပါ အခုသူရောက်နေတာ ရှောင်ကျန့်ဆိုတဲ့ ယုန်ဆိုးကြီးအိမ်ပေါ့။
ကျဲတို့အိမ်ကအဖြစ်ပျက်ကိုတွေးလိုက်မိပြီး ချက်ချင်းဆိုသလိုမျက်နှာတွေရဲတက်လာရတယ်။
ဉီးကိုလဲအပြစ်ကတင်လို့မရ ဉီးလဲအဲ့လိုတော့ဘယ်ဖြစ်ချင်ပါ့မလဲနော်။
မတက်သာလို့သာ သူကိုခုလိုဖြစ်အောင်ထိဆက်ဆံခဲ့တာနေမှာပါ။နာကျင်ရတယ် အရမ်းဘဲ အောက်ပိုင်းတင်မကဘဲတစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဘဲ ညောင်းကိုက်နေပြီး နုံးချိနေသည်။
အော်ဟစ်တားစီးခဲ့ရတာမို့ အသံပင်သိပ်မထွက်နိုင်တော့။
အခန်းထဲကိုတောင်ကြည့်မြောက်ကြည့်နဲ့သာနေ နေရသည်။လမ်းလဲမလျှောက်နိုင်တာမို့ ကုတင်ပေါ်သာငြိမ်ငြိမ်လေးထိုင်နေရကာ.. ကြာတော့ပျင်းလာရတာပေါ့။
ဉီးကလဲဘယ်သွားနေတာလဲမသိ သောင်းကြမ်းတုန်းကသောင်းကြမ်းထားပြီး ခုသူနိုးလာတာတောင်ဘေးမှာရှိမနေပေးဘူးဆိုတဲ့အတွေးကဝင်လာတော့ ပိုပြီးဝမ်းနည်းလာရသည်။
ပျင်းကလဲပျင်း နာကျင်မှုကလဲအတိုင်းအစမဲ့ ချစ်ရသူကလဲဘေးနားမရှိတော့ အတွေးအားလုံးစုပြုံကာ ငိုချလိုက်တော့သည်။" ဟီးးးအီးးးဉီးမကောင်းဘူး ဟင့် သူများသားသမီးကို လုပ်တုန်းကအတင်းတွေလုပ်ပြီး ဟင့် ခုကြတော့ပြစ်ထားတယ် ဉီးစုတ် အင့်...ယုန်စုတ်ကြီး! "
ရိပေါ်ဝမ်းနည်းစိတ်တွေဝင်က အသဲအသန်တွေငိုရင်း ရှောင်ကျန့်ဆိုသောလူဆိုးကြီးကိုပါ အပြစ်တွေတင်နေမိတော့သည်။
" ဟင်! သဲငယ် ဘာဖြစ်လို့လဲဟင် ဘယ်နားကနာလို့လဲ ကိုယ့်ကိုပြောလေ ကလေး "
အခန်းထဲဝင်လာတဲ့ဉီးက သူငိုနေတာကိုတွေ့သွားပြီး မျက်စိမျက်နှာတွေပျက်ကာ အတော်စိုးရိမ်သွားဟန်ရှိကာ..အနားသို့အပြေးလေးလာပြီး
သူ့ရဲ့ခန္တာကိုယ်လေးကို မထိရက်မတို့ရက်ပုံစံလေးနဲ့ စိုးရိမ်တကြီးမေးနေတဲ့ဉီးကြောင့် ခုနကဝင်လာတဲ့ဝမ်းနည်းနေတဲ့စိတ်တောင်ဘယ်ရောက်လို့ရောက်သွားမှန်းမသိလိုက်။
ŞİMDİ OKUDUĞUN
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Hayran Kurguတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..