အပိုင်း(၂၂)..uni

506 27 0
                                    

မေရီတစ်ယောက်  တုန်တုန်ရီရီနဲ့ဘာလုပ်လို့ဘာကိုင်ရမှနိးမသိ  ဆူညံသောအသံတွေတိတ်သွားပြီဖြစ်တဲ့ အခန်းထဲသို့ ဝင်သင့်လားမဝင်သင့်လား စဥ်းစားနေမိသည်။

သို့သော် သူကလေးကိုအရမ်းစိတ်ပူနေပြီ  အထဲက  ကလေး အဆင်မှပြေပါ့မလား။

စိုးရိမ်စိတ်တွေကတားစီးမရ  နောက်ဆုံးမနေနိုင်တော့တဲ့အဆုံး  ဝင်ဖို့ဆုံးဖြတ်လိုက်တော့သည်။

" ဟင် ကလေးး!! "

သူဝင်သွားတော့  မေ့မျောနေတဲ့ကလေးကို ရှောင်ကျန့်ကပွေ့ထားသည်။

ရှောင်ကျနိ့လက်ထဲတွင်ဖြူစုတ်ပြီးဖျော့တော့နေသော ကလေးကိုကြည့်ကာ  ရင်ထဲတွင်အတိုင်းအစမရှိနာကျင်ရသည်။

" ရှောင်   ရှောင်ကျန့်  နင်  နင်ဟာ  ဟင့်  အီးးဟီးးး ကလေးး "

ကလေးနားသို့သွားလိုက်သော်လဲ သူ့အားရွံရှာစွာကြည့်ပြီး  တွန်းထုတ်လာတဲ့ရှောင်ကျန့်။

" သွားစမ်း  မထိနဲ့  သဲငယ်ကိုမထိနဲ့ "

" ရှောင်ကျန့်  မဟုတ်   မဟုတ်ဘူး   နင်ထင်သလိုမဟုတ်ဘူး  ငါ   ငါတကယ်ကိုဘာမှမသိတာပါ  ဟင့် "

" ပျော်လား  ဟမ်  ပျော်ကြရဲ့လား  သဲငယ်အခုလိုဖြစ်တာမြင်တော့ပျော်ရဲ့လား "

" ဟင့်အင်း  မဟုတ်ပါဘူး "

ပျော်ရဲ့လားတဲ့  မေးရက်လိုက်တာ ဒီကလေးလေးကိုကြည့်ကာ  သူမှာရင်တွေနာကျင်နေရတာ အတိုင်းဆမဲ့။

ဘာကြောင့်ရယ်မသိ ထိုကလေးကိုမြင်ကထဲကသူခံစားချက်တွေကတမျိုးကြီး  တစ်ခါမှအ​ဲ့လိုခံစားချက်မျိုးမဖြစ်ဘူးခဲ့။

သူအများကြီးမစဥ်းစားတက်ပါ  ထိုကလေးရယ်နေရင်  သူပြုံးမိတယ်  ကလေးကိုအမြဲပျော်စေချင်တာ  ခုလိုမြင်ရတာ  ရင်ဘတ်တွေနာကျင်ရသည်မှာ  အရမ်းဘဲ  ဘာမှမဖြစ်ပါစေနဲ့ကလေးလေး။

" ရှောင်ကျန့်  နင်ငါ့ကိုဒေါသဖြစ်ချင်နောက်မှဖြစ်  ခုကလေးအခြေနေကိုကြည့်လိုက်ဦး"

မေရီပြောတာမှန်နေသည်မို့ရှောင်ကျန့်ဘာမှပြန်မပြောမိ။

သူမေ့မျောနေတဲ့သဲငယ်ရဲ့ကိုယ်လေးကို  ပွေ့ချီလိုက်တာမို့။

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Where stories live. Discover now