အပိုင်း(၇)...uni

690 41 1
                                    

❤️ဦးရဲ့သဲငယ်❤️အပိုင်း(၇)❤️

" ဟောဗျာ ဖြေးဖြေးသွားပါ တော်ကြာချော်လဲနေဦးမယ်"

" မသိဘူးဗျာ  လာမပြောနဲ့ "

သူ့မုန့်စားတာမပြီးသေးဘဲအတင်းထခိုင်ပြီးပြန်လာတာမို့စိတ်ဆိုးနေလေရဲ့။

တကယ်အသက်ကသာ၂၀ပြည့်ပြီးတာ ကလေးစိတ်တောင်ကုန်သေးရဲ့လားမသိ။

ခုလဲရှေ့က ကော့တော့  ကော့တော့နဲ့စူပုတ်ပြီးသွားနေတယ်လေ  ဘယ်လိုဟာလေးမှန်းကိုမသိဘူး။

ဘာလိုနေနေ ချစ်စရာကောင်းလွန်းနေတာတော့အမှန်ဘဲ။

ရိပေါ်ကသူ့ကိုကုန်မဏီရောက်သည်ထိ စိတ်ဆိုးပြီးစကားမပြောတာမို့ ။

" စိတ်ဆိုးနေတာလား  မဆိုးပါနဲ့ကွာ  ဖြေရှင်းချက်ပေးမယ်လေနော် "

သူ့စကားကြောင့်စူပုတ်ပြီးသူ့ကိုကြည့်လာသည့်ကလေးစုတ်လေး။

ဒီကောင်ကြီးကတော့  အသဲတယားယား။

" ကိုယ်ဘာလို့ ရုပ်တရက်ကြီးထပြန်လာတာလဲ သိချင်လား "

ခေါင်းလေးငြိမ့်ပြလာတဲ့သူ့ရဲ့အသဲလေး။

" ကောင်မလေး တစ်ဖွဲ့ကလေ သဲငယ်ကိုလေ ပုံတွေရိုက်နေတာသိလား  အဲ့ဒါကြောင့်ကိုယ်ကသဲငယ်စားတာမပြီးသေးဘဲခေါ်လာတာပါ "

" သူတို့ဟာသူတို့ရိုက်ရိုက် ကျွန်တော်ကဘာလုပ်ရမှာလဲ "

" သဲငယ်ကလဲ  သိမ်းထားရုံဆိုရင်တော့ဘာပြောမလဲ
တော်ကြာသဲငယ်ပုံနဲ့ မဟုတ်မဟပ်တွေလုပ်ရင်ဘယ်လိုလုပ်မလဲ "

" ဟမ်  အဲ့လိုလုပ်လို့ရလား "

မျက်လုံးလေးပြူ းပြီးစိုးရိမ်နေပုံနဲ့မေးလာတဲ့ဖြူဖြူလုံးလုံးကောင်လေးကို  စိတ်မချလွန်းလို့ဘယ်မှမသွားခိုင်ဘဲဖွတ်သာထားချင်တော့တယ်။

" ရတာပေါ့  အဲ့ဒါကြောင့်ကိုယ်ကခေါ်လာရတာပါ "

" အဲ့ဒါဆို  ကျေးဇူးပါ "

ခေါင်းလေးငုံ့ပြီးတောင်းပန်စကားတိုးတိုးလေဆိုနေတာ
ဆွဲလုပ်ချင်စရာလေး ကွာ။

" ရပါတယ် သဲငယ်ရယ် ခုတော့စားလက်စားလေးဆက်စားနော်  ရော့  ကိုယ်ဝယ်လာတယ် "

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Dove le storie prendono vita. Scoprilo ora