အပိုင်း(၂၀)..uni

478 26 0
                                    

ညနေရုံးဆင်းချိန်ထိမျက်နှာကြီးစူပုတ်နေတဲ့ဦးကိုကြည့်ပြီး သူမှာမရယ်မိအောင်အတော်ပင်ထိမ်းထားရသည်။

သူသိတာပေါ့နေ့လည်ကသူခွင့်မပြုလို့မူနေတဲ့ရုပ်ကြီး  အသဲယားစရာကြီးဦးရာ။

" ဦး ဘာဖြစ်နေတာလဲ "

" ဟွန့် ဘာလဲကိုယ်ဖြစ်နေတာကိုသဲငယ်မသိဘူးလို့တော့မပြောနဲ့နော် "

" ဘာလဲ ဦးက  ကျွန်တော်ကိုအဲ့ဒီအတွက်နဲ့ဘဲချစ်ခဲ့တာလား  ဟုတ်လား "

" သဲငယ် ! ! !ကိုယ့်ကိုအဲ့လိုမပြောနဲ့  ရတယ်သဲငယ်ခွင့်မပြုချင်နေ  ကိုယ့်အချစ်ကိုတော့မစော်ကားနဲ့  "

ဦးကသူ့ကိုတစ်ခါမှမအော်စဖူးအော်လိုက်တာမို့ ဝမ်းနည်းလာရသည်။

တကယ်တော့သူထိုစကားကိုအနိုင်လိုချင်လို့သာပြောလိုက်ခြင်းဖြစ်သည် ဦးရဲ့အချစ်ကိုစော်ကားဖို့စိတ်တောင်မကူးဖူးဘူး။

" ဦး  ကျွန်တော်ပြောတာအဲ့လိုသဘောမဟုတ်ဘူး  ဒီတိုင်း ဒီတိုင်း ဟို "

" ရတယ်  ထားလိုက်တော့ ကိုယ်သဲငယ်ကိုလိုက်ပို့ပေးမယ် "

ဦးကဒီတစ်ခါတကယ်စိတ်တိုသွားပုံဘဲ  ဘယ်လိုလုပ်ရပါ့မလဲ။

သူပြောတာအဲ့လိုသဘောမဟုတ်တာတကယ်ပါ။

" ဦး "

" တော်ပြီ  သဲငယ်ရတယ် ထားလိုက် "

" ကျွန်တော် "

" ထားလိုက်တော့လို့ကိုယ်ပြောနေတယ်လေ "

ချက်ချင်းငြိမ်ကြသွားတဲ့ကိုယ့်ကိုကိုယ်ပင်အံ့သြမိသည်  ဘယ်အချိန်ကထဲကဦးကိုသူကြောက်တက်သွားတာလဲ။

ဟင့်အင်းမဟုတ်ဘူး  ကြောက်တာမဟုတ်ဘူး  အဲ့ဒါကျွန်တော်ဦးကိုချစ်လို့ ဟုတ်တယ် ကျွန်တော်ဦးကိုချစ်တာ။

" မနက်ဖြန် ကိုယ်သဲငယ်ကိုမေရီတို့အိမ်ကပြန်လာမှဘဲဝင်ခေါ်လိုက်တော့မယ်နော် "

" ဘာလို့လဲ  ကျဲတို့အိမ်ကိုနေ့လည်ထမင်းစားဘဲသွားမှာမို့လား ဘာလို့ "

" ကျစ်  အဲ့ဒါဆိုကိုယ်သွားပါပြီရဲ့  သဲငယ်ကတစ်ယောက်ထဲကျန်ခဲ့မှာလား  နေခဲ့မယ်လို့တော့မပြောနဲ့နော် မရစ်တော့နဲ့ နေ့လည်စောင့်နေ "

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Donde viven las historias. Descúbrelo ahora