❤️ဉီးရဲ့သဲငယ်❤️အပိုင်း(၁၁)❤️
" ပြော ပြော သဲငယ်ဆိုတဲ့ကိစ္စပြောစမ်း "
" ရိပေါ် မင်းပြောနော် အဘိုးကြီးနဲ့မင်နဲ့မရိုးဘူး ငါသိတယ်နော် "
" ဉီးကို အဘိုးကြီးလို့မခေါ်နဲ့ "
ဉီးရဲ့ရုံးခန်းထဲရောက်ပါပြီဆိုကတည်းကတရားခံ စစ်နေသလိုဘဲတကယ်ဘဲစိတ်ပျက်တယ်။
ထုလိုက်နှက်လိုက်တာဆိုအရမ်းဘဲ ကျောတွေရောခေါင်းတွေရော ဒင်းတို့နှစ်ကောင်လက်ရာကြီးဘဲ။
သူလဲသူ့ကိုထုပြီး။
" ဘာတဲ့ ဉီးဟုတ်လား ဘာလဲပြောစမ်းပါဉီး အရင်တုန်းကတော့ အဲ့လူကြီးဆီမှာအလုပ်ဝင်ရမှာဆိုပြီး လဒအရက်တိုက်ထားတဲ့ရုပ်နဲ့ငါ့တို့ရှေ့လုပ်ပြနေတာ ဘယ်သူလဲ ပြောစမ်း "
" အဲ့ဒါအရင်တုန်းကလေ ခုမဟုတ်ဘူး "
" စွခွက်က တက်လဲတက်နိုင်တယ် မှန်မှန်လိမ်စမ်း မင်းနဲ့အဲ့လူကြီးနဲ့မရိုးဘူးမို့လား "
" မှန်မှန်လိမ်နေတာဘဲ အာ မင်းတို့ပြောမှငါပါယောင်ကုန်ပြီ "
" ရိပေါ် မင်းပြောနော် "
" ဒီမှာ မင်းတို့ကိုဘာမှလိမ်စရာမလိုဘူး ရှင်းလား ဟုတ်တယ်ဉီးနဲ့ငါနဲ့ကချစ်သူတွေရှင်းပြီလား "
" ဘာ ဘာ ချစ်သူ ဟာ မြန်လိုက်တာ မင်းကလဲ မူကိုမမူဘူးတန်းပြီးတော့ အဖြေပေး ရလား အမ်မဟုတ်သေးပါဘူး ရိပေါ် မင်းဘက်ကစပြီးဖွင့်ပြောတာလား "
" ချီးကိုငါ့ဘက်ကပြောရမှာလား ဉီးကအရင်ပြောတာ "
" အော် အဲ့ဒါနဲ့တန်းပြီးလက်ခံလိုက်ရောပေါ့ ဟုတ်လား "
" ငါလဲအစကငြင်းပါသေးတယ် ဒါပေမဲ့လေ ဉီးက အတင်းကျပ်ကြီးတွေလုပ်တော့ငါလဲ မငြင်းနိုင်တော့တာပါ "
" ဘာကြီး အတင်းကျပ်လဲ😳😳 "
" အာ မင်းဘာတွေတွေးနေတာလဲ ငါပြောတာက အဖြေကိုအတင်းတောင်းတာလို့ပြောတာ "
" အော် တော်ပါသေးတယ် ငါထင်တာမဟုတ်လို့ "
" မင်းကဘာထင်လို့လဲ "
VOCÊ ESTÁ LENDO
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanficတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..