" ဘာ! "ရိပေါ်အိပ်နေရာမှ ဉီးရဲ့ ခပ်ကျယ်ကျယ်ဖြစ်သွားသောအသံကြောင့်နိုးလာရသည်။
ဘေဘီကိုဝေ့ဝဲကြည့်မိတော့ ဉီးကဖုန်းပြောနေတယ်.....
ဉီးကဒေါသထွက်နေတာလား..?
မဟုတ်သေးပါဘူး စိတ်ရှုပ်ထွေးနေတဲ့ပုံစံ ဘာတြွေဖစ်နေလို့ပါလိမ့် အလုပ်ကိစ္စများမဆင်မပြေလို့လား..?
ကိုယ်စဉ်းစားတက်သလောက်လိုက်စဉ်းစားပေမဲ့လဲ အဖြေကဖော်မရ...
ခနကြာ ဉီးဖုန်းပြောလို့အပြီး သူ့ဘက်သို့လှည့်လာတယ်။
" သဲငယ် နိုးနေပြီလား "
" အွန်း နိုးပြီ "
" ကိုယ့်ကြောင့်နိုးသွားတာမို့လား "
" အွန်း ဉီးအသံကြားလိုက်လို့ ဒါနဲ့ဘာဖြစ်လို့လဲဟင် "
သူအမေးကြောင့်ဉီးကသက်ပြင်းခပ်ဖွဖွချကာ သူ့ကိုကြည့်လာသည်။
" မေရီပါးဆုံးပြီတဲ့ "
" ဗျာ ဘယ်လိုဖြစ်ရတာလဲ "
" အွန်း စကြားချင်းတုန်းကကိုယ်လဲအံ့သြနေတာ ဘာလို့လဲဆိုပြီးတော့ပေါ့ "
" အွန်း "
ဉီးစကားကိုနောက်မှထောက်ပေးလိုက်မိသည် အရမ်းသိချင်မိတယ် ကျဲရဲ့ပါးဆုံးတာမယုံကြည့်နိုင်သေးဘူး။
" အဖမ်းမခံဘဲ ထွက်ပြေးရာကနေ ကားရောလူပါချောက်ထဲကျသွားတာတဲ့လေ အလောင်းတောင်ကျန်မနေခဲ့ဘူးတဲ့ ကြည့်ရတာမီးထဲပါသွားတယ်ထင်ပါရဲ့ "
" ဟင် ကျဲတော့အရမ်းဝမ်းနည်းနေတော့မှာဘဲ ကျဲမှာကအဲ့လူကြီးတစ်ယောက်ထဲရှိတော့တာလေ ဉီး ကျဲသနားပါတယ်ဗျာ "
" ကိုယ်လဲစိတ်မကောင်းပါဘူး ဒါပေမဲ့ ဖြစ်ခဲ့တာတွေကဖြစ်သွားပြီလေ ပြန်ပြင်ဆင်လို့မှမရတော့တာ "
သူ့စကားကြောင့် စောင်ပုံကြီးထဲရှိနေသေးတဲ့ကလေးငယ်ကတွေတွေလေးငေးနေတယ်...ညိုးငယ်နေသောမျက်ဝန်းလေးတွေကြောင့် ကလေးငယ်အရမ်းဝမ်းနည်းနေမှန်းသိလိုက်သည်။
" မေရီတွက်စိတ်မကောင်းဖြစ်နေတာလား ကလေး "
" ဟုတ်တယ် ကျဲသနားပါတယ် ခုဆိုဘယ်လိုနေမလဲ မသိဘူး ဉီး ကျွန်တော်တို့ကျဲဆီသွားရအောင်နော်"
YOU ARE READING
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanfictionတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..