အပိုင်း(၃၃)..uni

419 21 0
                                    

" သဲငယ် အိပ်ချင်နေပြီလား "

" ဟင့်အင်း  မအိပ်သေးပါဘူး ဦး အိပ်ချင်ရင်အိပ်နှင့်လေ "

7:00 PM..လောက်ကထဲက ဖုန်းတစ်လုံးနဲ့အလုပ်ရှုတ်နေတဲ့သဲငယ်ကအခုသူ့ laptop ပိတ်လိုက်သည်ထိ ဂိမ်းဆော့နေတာမို့ မနေနိုင်စွာမေးလိုက်ခြင်းဖြစ်သည်...။

" သဲငယ် မိုးချုပ်ပြီကွာ  အိပ်ကြစို့ "

စိတ်မရှည်တဲ့လေသံနဲနဲပါသွားတာမို့ ဖုန်းကြည့်နေရင် မျက်မှောင်ကျုံ့ကာ ခပ်စောင်းစောင်းလာကြည့်တယ်...။

" အိပ်နှင့်ပါဆိုတော့လဲလက်မခံဘူး ဒီမှာ ဂိမ်းကတန်းလန်းကြီးဖြစ်နေလို့ဆို "

မကျေနပ် စွာ နှုတ်သီးထော်ကာထော်ကာ ပြန်ပြောနေတဲ့သဲငယ်ကြောင့် သူ့နှုတ်ခမ်းပါးမှ ပြုံးယောင်သန်းလာရသည်...။

" ကိုယ်က  သဲငယ်ကျန်းမာရေးထိခိုက်မှာစိတ်ပူလို့ပါကွာ "

" ဟွန့် မသိရင်ခက်မယ် "

သူမကြားအောင်တိုးတိုးလေးနှုတ်ခမ်းလှုတ်ရုံလေးသာပြောလိုက်ပေမဲ့ နားပါးလှတဲ့ ရှောင်ကျန့်ကတော့ကြားဖြစ်အောင်ကြားသွားကာ....။

" သဲငယ်က ဘာကိုသိတာလဲ ဟင် "

ပြုံးစိစိနဲ့မေးလာတဲ့ဦးကြောင့် ရိပေါ်မှာရှက်ရမ်း ရမ်းကာ  မျက်စောင်းတွေသာထိုးနေမိသည်...။

" တမင်လုပ်ပြနေတာလား  ကိုယ်အသဲအရမ်းယားနေပြီနော် "

" အသဲယားရင် ကုတ်ပေါ့ "

" ဟားးဟားး ချစ်ဖို့ကောင်းလိုက်တာ သဲငယ်ရာ "

တခွန်းမကျန် ပြန်ပြောနေတဲ့ရှေ့ကကလေးငယ်ကို သူအမှန်တကယ်ကို ဖြစ်ညှစ် ပစ်ချင်နေပြီ။

" ပြန်ပြောရင်လဲ ဒေါသ ကထွက်ပြဦးမယ် ဦးကလေ အဲ့ဒါ အင့် "

လက်ထဲကဖုန်ကိုပိတ်ကာ ပြောလို့မပြီးနိုက်တဲ့ ကလေးငယ်ကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းက ကလေးငယ်ကိုယ်လုံးလေအား ဖြစ်ညှစ် ပစ်လိုက်မိသည်...။

" အ့ ဘာလို့လိုက်ညှစ်နေတာလဲ ဖက်ရင်လဲ ငြိမ်ငြိမ်လေးဖက်ထားပါလား သူ့အသားမဟုတ်တိုင်း  နာတယ်ဗျာ့ "

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Où les histoires vivent. Découvrez maintenant