ဇာတ်သိမ်းပိုင်း..uni

1K 32 1
                                    

" ကျွန်တော့်ကိုအော်ရအောင် ခင်ဗျားကို ခင်ဗျား ဘာထင်နေတာလဲ ဦးရှောင်ကျန့် "

" ဟို  ကိုယ်တောင်းပန်ပါတယ် သဲငယ်ရယ်နော်  တကယ်တောင်းပန်ပါတယ် "

နှစ်ရက်လောက် အဆက်သွယ်ဖြတ်ထားပြီး သူ့ကိုစိတ်ဆိုးနေသော သဲငယ်ကြောင့်ရှောင်ကျန့်မှာမျောက်မီးခဲကိုင်မိသလို ထိုင်မရထမရ။

သျှင်ခေတ်သစ်တို့ကို အကူညီတောင်းကာ  အပြင်သို့ခေါ်ထုတ်ခဲ့ကာ ယခုဆို သဲငယ်ကသူ့အိမ်မှာရောက်လို့နေသည်....ရောက်ပါပြီဆိုကထဲက ဒေါသတကြီး ပြောနေတာ နေ့တပိုင်းပင်ရောက်လုလု အခုထိလဲဒေါသနည်းနည်းမှပြေဟန်မပြ  တောင်းပန်ရတာလဲ အာခေါင်တွေပင်ခြောက်လို့ ရေဆာပေမဲ့လဲ ထပြီးမသောက်ရဲပါ သူသဲငယ်ကိုကြောက်နေရပါတယ်...။

" မေးတာဘဲဖြေစမ်းပါ ခင်ဗျားကို ခင်ဗျားဘာထင်နေတာလဲ "

" ကိုယ်  ကိုယ်ကသဲငယ်ရဲ့ယောင်္ကျားလေ.. "

" ယောင်္ကျား ဟုတ်ပြီ  ယောင်္ကျားဆိုတိုင်း အော်ချင်သလိုအော်တယ်ပေါ့ ဟုတ်လား နေစမ်းပါဦး ကျွန်တော်ပြောလိုက်တဲ့ထဲ ဘာတွေများအော်စရာပါနေလို့လဲ ပြောစမ်းပါ "

" မဟုတ်ပါဘူး သဲငယ်ရယ် ကိုယ်ကရုပ်တရပ်မို့ပါ ပြီးတော့ အဲ့နေ့ကသဲငယ်မေးလိုက်တာကလဲ  ဟို "

" ဘာဖြစ်လဲမေးတော့ ကျွန်တော်မေးတာမှားလို့လား အဲ့ဒါကျဲမေရီရဲ့ပါးဘဲလေ ဘာဖြစ်ချင်လဲမေးတော့!!!!ပြောလေ!!!!ဘာဖြစ်ချင်လဲလို့!!!!! "

ဒေါသတကြီသူ့အား စူးစိုက်ကြည့်ကာ မေးနေတဲ့သဲငယ်က တကယ်စိတ်ကြီးလွန်းတယ် ဒေါသထွက်လွန်းလို့ တကိုယ်လုံးလဲတုန်ဆက်လို့  သူအဲ့လောက်ဖြစ်လိမ့်မယ်လိုထင်မထားမိခဲ့တာအမှန်ပင် သူထင်ထားတာထက်ကိုသဲငယ်က စိတ်ကြီးလွန်းတာဘဲ....။

" ဘာမှမဖြစ်ချင်ပါဘူး "

ခပ်တိုးတိုးသူရဲ့တုံ့ပြန်စကားကို သဲငယ်က ခနဲ့တဲ့တဲ့ ရယ်ရင်း....။

" အော်လေ  အော်လိုက်စမ်းပါ အဲ့နေ့က လူအများရှေ့မှာအော်သလိုလေးတစ်ခေါက်လောက်ပြန်အော်ပေးလိုက်စမ်းပါ ထပ်ပြီးနားထောင်ချင်လွန်းလို့ "

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Where stories live. Discover now