❤️ဦးရဲ့သဲငယ်❤️အပိုင်း(၉)❤️
ရိပေါ်တစ်ယောက်မှန်ကြည့်ပြီးငိုမဲ့မဲ့လေးဖြစ်နေရသည်။
" ဒီလိုသာဆို ပါးတို့နဲ့ဘယ်လိုထမင်းစားရမှာလဲ ဟင့် ဦးလူညစ်ကြီး ဟွန့် "
တကယ်ဘဲသူပြောလဲပြောချင်စရာပင်။
နှုတ်ခမ်းတစ်ခုလုံးဦးကြောင့်ပေါက်ပြဲနေတယ်လေ။
ထမင်းတောင်သွင်းနိုင်ပါ့မလားမသိဘူး တကယ်ဘဲစိတ်ညစ်ပါတယ်။
ရိပေါ်လဲစိတ်ညစ်ညစ်နဲ့သာရေဝင်ချိုးလိုက်တော့သည်။
ရေချိုးပြီးတော့လဲ ထမင်းဆင်းမစားဘဲ ဖုန်သာနှိုက်နေလိုက်တော့တယ်။
" ဒေါက် ဒေါက် "
" သားငယ် ထမင်းစားရအောင် လာမားပြင်ပြီးပြီ "
" ဟုတ်မား သားဆင်းခဲ့မယ် "
ရိပေါ်တစ်ယောက်ထဲအလုပ်တွေရှုတ်နေတယ်လေ နှုတ်ခမ်းပေါက်နေတာကို ပါးတို့မြင်ရင် ဘယ်လိုပြောလိမ့်မလဲ။
ပါးတို့မေးရင်တော့အမှန်တိုင်းပြောလိုက်ရင်ကောင်းမလား။
အဲ့ဒါဆို သူဦးအလုပ်ကိုမသွားရတော့ဘူးလေ ။
" ဟုတ်ပြီ အဲ့လူကြီးအနိုင်ကျင့်တာလို့ပါးကိုတိုင်ရမယ် "
ရိပေါ်လဲသူ့အကြံနဲ့သူအောက်သို့ဆင်းလာလိုက်ပြီးထမင်းဝိုင်းသို့ဝင်ထိုင်လိုက်တော့သည်။
ပါးနဲ့မားသာမေးရင်ပြောမယ်ပေါ့။
သူ့အထင်နဲ့အမြင်တ့ခြားစီပါဘဲ ပါးနဲ့မားကသူ့ကိုတောင်မော့မကြည့်ဘူး သူတို့ထမင်းသူတို့ငုံ့စားနေလေရဲ့။
ရိပေါ်လဲဗိုက်ဆာနေပြီမို့ ပါးတို့ကိုမကျေမနပ်တချက်ကြည့်လိုက်ပြီး ထမင်းကိုပါးစပ်ထဲသွင်းဖို့ ပါးစပ်ဟလိုက်ယုံရှိသေး...
" အ့ ဟ့ "
ပေါက်ပြဲနေတာမို့ ရူပ်တရက်ပါးစပ်ဟလိုက်တော့ ပြဲနေတဲ့အနာက ပိုပြီးကွဲသွားတာမို့တော်တော်လေးကိုနာသွားရသည်။
" သားငယ် ဘာဖြစ်လို့လဲ ဟင် နှုတ်ခမ်းတွေကွဲနေတာလား ကြည့်ပါဦးသွေးတောင်ထွက်လာတယ် "
KAMU SEDANG MEMBACA
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fiksi Penggemarတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..