အပိုင်း(၂၃)..uni

490 25 0
                                    

" ဟင့်  အင့်   ဟင်းးး "

ရိပေါ်တစ်ယောက်နာကျင်မှုတွေနဲ့အတူ နိုးထလာခဲ့ရကာ အောက်ပိုင်းတစ်ခုလုံး  လှုတ်လိုက်တာနဲ့တင်  စူးတက်ပြီးအောင့်လာတယ်။
နာကျင်မှုတို့ကိုအံကြိတ်ခံရင်း  ထထိုင်လိုက်ကာ  ဘေးဘီသို့ဝေ့ဝဲကြည့်လိုက်တော့..
ကျဲတို့အိမ်မဟုတ်တော့မှန်းသိလိုက်ရသည်။

ကျဲတို့အိမ်မဟုတ်သလိုသူ့အိမ်လဲဟုတ်မနေခဲ့ပါ  အခုသူရောက်နေတာ  ရှောင်ကျန့်ဆိုတဲ့  ယုန်ဆိုးကြီးအိမ်ပေါ့။

ကျဲတို့အိမ်ကအဖြစ်ပျက်ကိုတွေးလိုက်မိပြီး  ချက်ချင်းဆိုသလိုမျက်နှာတွေရဲတက်လာရတယ်။
ဦးကိုလဲအပြစ်ကတင်လို့မရ  ဦးလဲအဲ့လိုတော့ဘယ်ဖြစ်ချင်ပါ့မလဲနော်။
မတက်သာလို့သာ သူကိုခုလိုဖြစ်အောင်ထိဆက်ဆံခဲ့တာနေမှာပါ။

နာကျင်ရတယ်  အရမ်းဘဲ  အောက်ပိုင်းတင်မကဘဲတစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဘဲ  ညောင်းကိုက်နေပြီး နုံးချိနေသည်။
အော်ဟစ်တားစီးခဲ့ရတာမို့  အသံပင်သိပ်မထွက်နိုင်တော့။
အခန်းထဲကိုတောင်ကြည့်မြောက်ကြည့်နဲ့သာနေ  နေရသည်။

လမ်းလဲမလျှောက်နိုင်တာမို့  ကုတင်ပေါ်သာငြိမ်ငြိမ်လေးထိုင်နေရကာ.. ကြာတော့ပျင်းလာရတာပေါ့။

ဦးကလဲဘယ်သွားနေတာလဲမသိ  သောင်းကြမ်းတုန်းကသောင်းကြမ်းထားပြီး  ခုသူနိုးလာတာတောင်ဘေးမှာရှိမနေပေးဘူးဆိုတဲ့အတွေးကဝင်လာတော့ ပိုပြီးဝမ်းနည်းလာရသည်။
ပျင်းကလဲပျင်း နာကျင်မှုကလဲအတိုင်းအစမဲ့  ချစ်ရသူကလဲဘေးနားမရှိတော့ အတွေးအားလုံးစုပြုံကာ  ငိုချလိုက်တော့သည်။

" ဟီးးးအီးးးဦးမကောင်းဘူး  ဟင့် သူများသားသမီးကို လုပ်တုန်းကအတင်းတွေလုပ်ပြီး  ဟင့်   ခုကြတော့ပြစ်ထားတယ်    ဦးစုတ် အင့်...ယုန်စုတ်ကြီး! "

ရိပေါ်ဝမ်းနည်းစိတ်တွေဝင်က  အသဲအသန်တွေငိုရင်း  ရှောင်ကျန့်ဆိုသောလူဆိုးကြီးကိုပါ  အပြစ်တွေတင်နေမိတော့သည်။

" ဟင်! သဲငယ်  ဘာဖြစ်လို့လဲဟင်  ဘယ်နားကနာလို့လဲ ကိုယ့်ကိုပြောလေ  ကလေး "

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Where stories live. Discover now