❤️ဦးရဲ့သဲငယ်❤️အပိုင်း(၈)❤️
ရှိုက်ရှိုက်ပြီးငိုနေတဲ့သဲငယ်နားသို့အပြေးသွားကာ..
" သဲငယ် မငိုပါနဲ့ကွာ ဘာဖြစ်လို့လဲဟင် "
သူမေးတာကိုပင်မဖြေအတင်းငိုနေတာမို့....
" သဲငယ် ကိုယ့်ကိုကြည့် ကိုယ့်ကိုကြည့်လို့ "
သူအတင်းပြောမှမော့လာတဲ့မျက်နှာလေး ငိုထားတာမို့နီရဲနေပြီး ဖြူဖွေးသောအသားရေကြောင့်သိသာလှသည်။
နီထွေးနေတဲ့နှုတ်ခမ်းသားလေးကလဲ သူအတင်းနမ်းရှိုက်ထားတာမို့ ပိုပြီးဖူးထွက်နေသည်လေ။
သဲငယ်ရဲ့အလှကတကယ်ကိုပြီးပြည့်စုံလွန်းတယ် ကလေးငယ်ရယ်။
သူ့ကိုခနလေးဘဲကြည့်ပြီးမျက်နှာလေးပြန်ငုံ့သွားတာမို့။
သူသဲငယ်ရဲ့မေးလေးကိုကိုင်ကာ ဆွဲယူမော့လိုက်ပြီး။
" ဘာဖြစ်လို့လဲဟင် မငိုပါနဲ့ကွာ သဲငယ်ပင်ပန်းလိမ့်မယ် တကယ်လို့မကျေနပ်ဘူးဆိုရင်လဲ
ကိုယ့်ကိုထိုးလိုက် စိတ်မဆိုးဘူးနော် ငိုတော့မငိုနဲ့နော်
ကိုယ့်ကလေးလေး ပင်ပန်းမှာဆိုးလို့ "ရိပေါ်မယုံကြည့်နိုင်စွာဦးကိုမေ့ကြည့်လိုက်မိသည်။
ဦးပြောတဲ့စကားတွေကလိမ်ပြောနေတာမဟုတ်မှန်းသိသာလှသည်။
ဦးရဲ့အကြည့်တွေကလဲ ရွှန်းလဲ့ပြီး ရင်ခုန်စရာကောင်းလွန်းသည်။
သူ့ကိုကြည့်နေတာကလဲမြတ်နိုးမှုတွေအပြည့်။
" ဟင့် ဘာ ဘာလို့ ကျွန်တော့ကိုမှ ဟင့် ဟင့် "
" ဟာ မငိုနဲ့လေ မျက်လုံးတွေအောင့်လိမ့်မယ် ဘာဖြစ်လို့လဲဟင် မငိုပါနဲ့ "
" ကျွန် ကျွန်တော်က အရမ်းနွဲ့နေလို့လား ဟင့် ဟင့်
ပြီးတော့ ပြီးတော့ ဟင့် အင့် gayနဲ့တူနေလို့လား ဘာလို့ ဘာလို့ အင့် ဟင့် ဟင့် "အရမ်းဝမ်းနည်းလွန်းလို့ ရှိုက်ရှိုက်ငိုပြီးပြောနေတဲ့ သဲငယ်ကိုသနားလွန်းတယ်။
သူ့ကိုမိန်းကလေးတစ်ယောက်လိုဆက်ဆံလို့ဝမ်းနည်းနေတဲ့သဲငယ် ကလေးရယ် မတူပါဘူး နွဲ့လဲမနွဲ့ပါဘူး ဒါပေမဲ့ ချစ်တယ် မင်းလေးကိုချစ်တာ ဟောဒီကကလေးလေးဖြစ်နေလို့ကိုချစ်တာပါကွာ ။
YOU ARE READING
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanfictionတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..