အပိုင်း(၃)..uni

790 47 2
                                    

ဦးရဲ့သဲငယ်❤️အပိုင်း(၃)❤️

ရိပေါ်တစ်ယောက်နောက်နေ့တွေကျောင်းသွားတော့အရင်ဆုံးအဝေးကတည်းကကျောင်းပေါက်ကိုအရင်ကြည့်လိုက်တော့သည်။

" ဟင်  ဟိုလူကြီးရဲ့ကားဘဲ  ဟင်အင်း မဖြစ်ဘူး အဲ့လူကြီးကလွယ်ရတာမဟုဘူး  မနေ့ကလိုသာထပ်လုပ်ရင်ငါတော့ရှက်လွန်းလို့သေရလိမ့်မယ် "

ရိပေါ်လဲအပြေးအလွှားစဉ်းစားနေရတော့သည်လေ။

" ဝမ်ရိပေါ်  စဉ်းစားစမ်း  စဉ်းစားစမ်း  "

ခနေနေတာ့.....

" ဟာ  ဟုတ်ပြီ  ကြည့်စမ်းငါမေ့နေတာ  ကျောင်းနောက်ပေါက်ကနေဝင်မှာပေါ့လို့  ဟီးး  ရိပေါ်ကိုဘာမှတ်
ဟွန်း "

ရိပေါ်လဲ ကျောင်းနောက်ကိုအတင်းပြေးလာပြီးကျောင်းထဲကိုဝင်လိုက်တော့သည်။

" ဟားး အခုဆို ဟိုလူကြီးလဲငါ့ကိုမတွေ့တော့ဘူး
ဟွန်း ခင်းဗျားကြီးဘာတက်နိုင်သေးလဲ ဟား "

ရိပေါ်လဲအတန်းကိုသို့သာတန်းသွားလိုက်တော့သည်။

..................................

" ဟင်ကျောင်းတောင်တက်နေပြီ  ဟိုချာတိတ်ကမလာသေးဘူး ကျောင်းများမတက်တာလား  နေများမကောင်းလို့လား  စိတ်ပူလိုက်တာချာတိတ်ရယ် "

ရှောင်ကျန့်လဲရိပေါ်ကိုကျောင်းတက်တဲ့ထိမတွေ့တာမို့စိတ်ပူလာရတော့သည်။

သူချာတိတ်အကြောင်းတွေကိုစုံစမ်းတုန်းကမိဘတွေနဲ့အတူမနေဘဲခွဲနေတယ်ဆိုတဲ့အသံကြားတုန်းသူချာတိတ်ကိုအရမ်းစိုးရိမ်ခဲ့မိသေးတယ်။

" ခုရော  ဘာများဖြစ်နေလို့လဲ စိတ်ပူလိုက်တာချာတိတ်ရာ  ကိုယ်တော့မင်းကြောင့်ရူးတော့မှာဘဲ "

သူချာတိတ်နေတဲ့ဆီကိုလိုက်သွားချင်ပေမဲ့သူချာတိတ်ကိုမနှောက်ယှက်ချင်ပေ။

သူ့ကြောင့်ထိုကလေးအနှောက်ယှက်ဖြစ်မှာကိုမလိုလားပါ။

မနေ့ကလဲသူချာတိတ်ကိုအတင်းနမ်းလိုက်မိတာကလဲအရမ်းစွာနေတာလေးကိုအသဲယားလွန်းလို့။

ပြီးတော့ထိုအစွာလေးကိုသူအနိုင်လိုချင်မိလို့အတင်းလုပ်ယူပြီးနမ်းသလိုဖြ၀်သွားခဲ့ရတယ်။

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Where stories live. Discover now