❤️ဦးရဲ့သဲငယ်❤️အပိုင်း(၁၀)❤️
" အ့ ဟ စပ်တယ် အ့ ဖြေးဖြေး "
" ခနလေးဘဲနော် ခနနေကောင်းသွားလိမ့်မယ် "
" ဟင့် ဦးကမညှာဘူး ချစ်တယ်လဲပြောသေး ခုလဲအတင်းတွေထည့်နေတာ "
" သဲငယ်ကလဲ ကိုယ်တောင်းပန်ပါတယ်နော် ခုကလဲ သဲငယ်ကိုကောင်းစေချင်လို့လေသဲငယ်ရဲ့ ခနလေးဘဲနော် "
" အ့ ဟ တော်ပြီ မရတော့ဘူး "
" သဲငယ် ကစကားတွေပြောနေတာကိုး ပိုနာမှာပေါ့ ခနလေးတိတ်တိတ်နေလိုက်နော် "
" အဲ့ဒါ ခင်ဗျားကြောင့် "
" သဲငယ်နော် ခေါ်ပြန်ပြီလားအဲ့လိုကြီး ခုတောင်ဆေးထည့်နေရတာကို ဒီတစ်ခါတော့ညှာပေးလိုက်မယ် နောက်ဆိုဒီနှုတ်ခမ်းလေးမလွယ်ဘူးနော် "
" တော်ပြီမနမ်းနဲ့ ဦးကနမ်းရုံမဟုတ်ဘူး ကိုက်သေးတာ မရဘူးနော် "
သူ့ကိုမျက်စောင်းတထိုးထိုးနဲ့စူပုတ်ကာပြောနေတဲ့သဲငယ်ကိုကြည့်ကာ လူကမယိုးမယွတွေကိုဖြစ်လို့။
" ရပြီ ဆေးထည့်လို့ပြီးပြီ "
" ဟွန့် နာတယ် "
" နောက်ဆိုမနာအောင်နမ်းမယ်နော် အဲဒါသဲငယ်ကအတင်းရုန်းတာကိုး "
" ရုန်းမှာဘဲ ချစ်သူလဲမဖြစ်သေးဘဲ အတင်းလာနမ်းတာကိုး "
" သဲငယ်ပြောတာနော် အဲ့ဒါဆိုခုချစ်သူတွေဖြစ်ပြီဆိုတော့ သဲငယ်ကို ကိုယ်ဘာလူပ်လုပ်လက်ခံမှာပေါ့ "
" ပြောမိလို့လား မယုတ်မာနဲ့ ကျွန်တော်ပြောတာအဲ့သဘောမဟုတ်ဘူး ဦးစုတ် နှာပူးကြီး "
" ကိုယ့်ချစ်သူကိုယုတ်မာတာ ဘာဖြစ်လဲ "
" အားးးတော်ပြီဦးရာ "
သူ့အပြောကိုရှက်ကာ ရှက်ရမ်းတွေရမ်းပြီး လက်သီးစုတ်လေးတွေနဲ့ သူ့ရင်ဘတ်ကိုထုရိုက်လာတဲ့သဲငယ် ။
" အ့ နာတယ် သဲငယ်ရယ် အားကလဲကြီးလိုက်တာ "
" အပိုတွေ မနေ့ကတော့ ရုန်းလို့ကိုမရဘူး ခုမှလာနုပြမနေနဲ့ "
" အာ ဟုတ်ပါပြီ ကိုယ့်ရဲ့သဲငယ်လေးရယ် မွ မွ "
" ဟာ ဘာလုပ်တာလဲ လွှတ် "
VOCÊ ESTÁ LENDO
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanficတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..