" ရိပေါ်ရာလိုက်ခဲ့စမ်းပါကွာ နော် မင်းလဲစိတ်ပြေလက်ပြောက်ပေါ့ နော်လို့ "
ဒီနေ့မှဘာဖြစ်နေတယ်မသိ အပြင်သွားဖို့ဇွတ်ခေါ်နေတဲ့ သျှင်ခေတ်သစ်ရယ်ပါ။
" ငါ မလိုက်ချင်ပါဘူးဆိုဟာ "
" ငါတစ်ယောက်ထဲပြင်းလို့ပါဟ ဟိုကောင်တွေကလဲခေါ်လို့မရဘူး လိုက်ခဲ့ပါဟာ နော် "
မလိုက်ချင်ပါဘူးပြောတာတောင် လက်မောင်းတစ်ဖက်အားအတင်းဆွဲကာ လိုက်ရန်ခေါ်နေတာမို့ ငြင်းဖို့ကြတော့လဲ တွေဝေသွားရသည်။
" နော် ရိပေါ်ရာ နော်လို့ လိုက်ခဲ့ပါဟ မင်းလဲအလုပ်မှမသွားတာကိုအိမ်မှာကြီးဘဲ အပြင်းလဲပြေတာပေါ့ လိုက်ခဲ့နော် "
အတင်းဇွတ်ကိုခေါ်နေတာမို့ ဆက်ငြင်းလို့လဲ မသင့်တော်တော့ဘူး နောက်ဆုံးတော့လဲသဘောတူလိုက်ရတော့သည်။
" အွန်းပါ အွန်းပါ ဒါပေမဲ့မင်းအကြာကြီးမလုပ်ရဘူးနော် မင်းကြာရင်ငါကမစောင့်ဘူး ပြစ်ထားခဲ့မှာ "
" စိတ်ချ စိတ်ချ လုံးဝမကြာစေရဘူး လိုက်မှာလို့ပြောပြီးပြီနော် အဲ့ဒါဆိုရေချိုး အဝတ်စားလဲတော့လေ "
" ဟမ် လဲရဉီးမှာလား မလဲချင်တော့ဘူး "
" အဲ့လိုကြီးမလုပ်ရဘူးလေ လုပ်စမ်းပါကွာ အချောဆုံးဖြစ်အောင်ပြင်ခဲ့စမ်းပါ "
" ငခေတ် မင်းငါ့ကိုရောင်းစားမလို့တော့ မဟုတ်ပါဘူးနော် "
ရိပေါ်တို့မေးပြီလေ ဟုတ်တယ် အချောဆုံးဖြစ်အောင်ဘဲပြင်ခဲ့ရမယ်ဆိုလား အရင်ကဆို ဒင်းကအဲ့လိုမဟုတ်ပါဘူး အကုန်လုံးထဲမှာသူအချောဆုံးဖြစ်ချင်တာနဲ့ဘဲ သူတို့ကိုဆို ဘာမြှပင်ဆင်ခိုင်းတာမရှိဘူး....
" ဟားးးဟားးးဟားးးဖြစ်ရတယ် မင်းကရောင်းစားလို့ရမဲ့ရုပ်လဲမဟုတ်ဘဲနဲ့ လာပြီးကြောက်နေသေး မင်းလိုရုပ်ကိုဘယ်သူဝယ်မှာလဲ "
" သေလိုက်လေ ငါချောတယ် "
" အော့.....အန်ချင်တာ သွားစမ်းပါကွာ ငါစိတ်ကောင်းဝင်နေလို့ ဒီနေ့ ရပြီလား "
သျှင်ခေတ်သစ်စိတ်မရှည်စွာအော်လိုက်မှ ရေချိုးခန်းထဲပြေးဝင်သွားသောဝမ်ရိပေါ်ရယ်ပါ။
ESTÁS LEYENDO
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanficတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..